စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်မြို့ ရန်ပုံငွေအတွက်ရောင်းချသော အဆိုတော်ကျားပေါက်၏ Doodle Art Hand Drawing Bag ကိုးလုံးကို ကန်ဒေါ်လာ နှစ်သောင်းကျော်ရောင်းချရရှိခဲ့သည်။
“Result ထွက်ပါပြီ။ Congratulations to all new owners of my artwork and highly appreciate your positive input ထန်တလန်အတွက် ဝမ်းအသာဆုံး။ “ဟု ကျားပေါက်ကရေးသားထားသည်။
ကျားပေါက်ကိုယ်တိုင်ရေးဆွဲထားသည့် Doodle Art Hand Drawing အိတ်များကို ပန်ဆယ်လို၏ ဖေ့စ်ဘွတ်ခ်၌ နိုဝင်ဘာ ၈ ရက်က အိတ်ပိတ်လေလံ စနစ်ဖြင့်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ညတွင် ဈေးအမြင့်ဆုံးပေးသူများကို ကြေညာပေးခဲ့ခြင်းဖြစ်သည်။
အိတ်များကို ဒေါ်လာ ၅၀၀ ဖြင့် ကြမ်းခင်းဈေးဖွင့်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ တစ်ထောင်မှ သုံးထောင်ကျော်အထိ ဈေးအမျိုးမျိုးရရှိခဲ့သည်။

Public Service Announcement
အိတ်ဝယ်ယူသူများ၏ လုံခြုံရေးအရ နာမည်များကို မကြေညာခဲ့ဘဲ ဝယ်ယူသူများထံ အတည်ပြုပြီးသွားပြီဖြစ်ကြောင်းကြေညာထားသည်။
အဆိုပါရောင်းရငွေများအားလုံးကို ထန်တလန်မှ ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ယမန်နေ့ကကြေညာထားသည်။


















































