Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မှာ စစ်တပ် အင်အားဖြည့်ထားလို့ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်လို့ CNA သတိပေး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

(တိုက်ပွဲတေါကြောင့် ပျက်စီးနေတဲ့ ထန်တလန်မြို့တွင်း တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - VOC)

ဇွန် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဟားခါးမြို့ကနေ အင်အား ၂၅၀ လောက်ပါတဲ့ စစ်တပ်ဟာ ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားရှိ မူလ တပ်တွေနဲ့ပေါင်းပြီး ထန်တလန်မြို့ကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာလို့ ဇွန်လ ပထမပတ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဇွန်လ ၅ရက်နဲ့ ၆ရက် တိုက်ပွဲတွေမှာ စစ်တပ်က အထိနာပေမယ့် ထန်တလန်မြို့ကို ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။

” အခု နှစ်ဖက်တပ်က တပ်ဆိုင်ထားတာပေါ့။ ဆိုင်ထားပြီး သူတို့က တခါတခါမှာကျနော်တို့ ထဲ ခန့်မှန်းခြေနဲ့ ဒရုန်းတွေ ဘာတွေနဲ့ အနီးအနားကို လာကြဲတာတွေတော့ရှိတယ်” လို့ ဆလိုင်းထက်နီက ထန်တလန်မြို့မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တပ်ဆိုင်ထားတဲ့ အခြေအနေကို အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ထန်တလန်မြို့တခုလုံး ပြန်ထိန်းချုပ်နိုင်ဖို့၊ မြို့နယ်အတွင်း တော်လှန်ရေးတပ်တွေကို စစ်ရေးဖိအားပေးဖို့ ရည်မှန်းနေတဲ့ အခြေအနေလို့ ဆိုပါတယ်။

“ဒီဟားခါးကနေ တက်လာတာ ဘယ်လောက်အတိအကျ ဝင်သလဲတော့ မသိဘူးပေါ့ ဒါပေမဲ့ တပ်အင်အားတော့ ဖြည့်ထားတယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲကတော့ ဘယ်အချိန်ဖြစ်မလဲပေါ့ ။ အဲဒီလို နှစ်ဖက်တပ်ဆိုင်ထားတော့ ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတယ်။ တိုက်ပွဲကြီးပေါ့” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

လက်တလော ထန်တလန်မြို့မှာ စစ်တပ်က အင်အား ၄၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း ဆလိုင်းထက်နီက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဧပြီလအတွင်းက ချင်းမြောက်ပိုင်း ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မေလဆန်းမှာ ဖလမ်းမှ ဟားခါးမြို့ကို စစ်အင်အားတွေဖြည့်တင်းခဲ့သလို ဇွန်လမှာ ထန်တလန်ကို ဆက်လက်ထိုးစစ်ဆင်အင်အားဖြည့်လာတာဖြစ်ပါတယ်။

မြေပြင်က စစ်အင်အားတွေဖြည့်နေသလို ထန်တလန်မြို့နယ်အပါအဝင် ချင်းပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ လည်း စစ်တပ်က ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။