Connect with us

Hi, what are you looking for?

News

CDM ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တဲ့စာ မန္တလေးမှာ ဆုတ်ဖြဲခံရ ပြီးနောက် ရွာသားတွေကို စစ်ကောင်စီလိုက်လံဖမ်းဆီးနေ

ခြိမ်းခြောက်စာ ဆုတ်ဖြဲခံရပြီးနောက် ရွာသားတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ ဒီနေ့မနက်ပိုင်းမှာတင် လိုက်လံဖမ်းဆီးတာတွေလုပ်နေတယ်လို့သိရပါတယ်။

အာဏာဖီဆန်ရေး CDM ပြုလုပ်ထားတဲ့ ဆရာ၊ဆရာမတွေ ကျောင်းပြန်တက်ဖို့ မန္တလေး ၊အမရပူရမြို့နယ် ၊လိပ်ဆံခွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရဲ့ကြော်ငြာသင်ပုန်းမှာ ခြိမ်းခြောက်စာ ကပ်ထားတယ်လို့သိရပါတယ်။

အဲဒီခြိမ်းခြောက်စာမှာဆို “CDM ဆရာ၊ ဆရာမများ အလုပ်ဝင်မှာလား၊ အသတ်ခံမှာလား ၂ ရက်အချိန်ပေးမယ်” ဆိုတဲ့စာသားတွေပါဝင်တာကိုတွေ့ရပါတယ်။

ဒါအပြင် CDM လုပ်ထားတဲ့ ဆရာ၊ဆရာမ ၁၁ ဦးရဲ့ နာမည်တွေကိုလည်းဖော်ပြထားပါသေးတယ်။

ဒီခြိမ်းခြောက်စာဟာ ဆုတ်ဖြဲခံလိုက်ရတယ်လို့လည်းသိရပါတယ်။ ဒါအပြင် ဒီခြိမ်းခြောက်စာဟာ ပျုစောထီးတွေကပ်ထားတာလို့ဒေသခံတွေကပြောကြပါတယ်။

Public Service Announcement

Public Service Announcement

ခြိမ်းခြောက်စာ ဆုတ်ဖြဲခံရပြီးနောက် ရွာသားတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ ဒီနေ့မနက်ပိုင်းမှာတင် လိုက်လံဖမ်းဆီးတာတွေလုပ်နေတယ်လို့သိရပါတယ်။

ဒါကြောင့် CDM လုပ်ထားတဲ့ ဆရာ၊ဆရာမတွေရဲ့ဆွေမျိုးတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေ ၊ပရဟိတသမားတွေဟာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

လိပ်ဆံခွန်းရွာဟာ မန္တလေးမြို့နဲ့ ၁၄မိုင်လောက်ဝေးပြီး အိမ်ထောင်စု ၃ထောင်နီးပါးရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။