Connect with us

Hi, what are you looking for?

News

မြန်မာဘီယာရဲ့အမြတ်ငွေ အရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် ထက်ဝက်ခန့်လျော့ကျ

“သပိတ်မှောက်လှုပ်ရှားမှုတွေဟာ အလုပ်ဖြစ်ထိရောက်ကြောင်း နွေဦးတော်လှန်ရေးက သက်သေပြပြီးဖြစ်ပါတယ်။ သာမန် လူထုတွေက မြန်မာစစ်တပ်ရဲ့ စီးပွါးရေးအကျိုးစီးပွါးတွေကို အမှန်တကယ်ထိခိုက်မှုတွေ ဖြစ်စေ နိုင်ပါတယ်” လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

မြန်မာဘီယာကုမ္ပဏီရဲ့ တတိယသုံးလပတ်အမြတ်ငွေဟာ အရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်းခန့်လျော့ကျသွားတယ်လို့ ကီရင်(Kirin)အုပ်စုက ကြေညာတယ်လို့ Justice for Myanmarက ထုတ်ပြန်ပါတယ်။

စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်) နဲ့ ဖက်စပ်လုပ်ငန်းတစ်ရပ် ဖြစ်တဲ့ မြန်မာဘရူဝါရီလုပ်ငန်းအတွက် တတိယသုံးလပတ်အမြတ်ငွေမှာ အရင်နှစ် ကာလတူနှိုင်းယှဉ်မှုအရ ဂျပန်ယမ်းငွေနဲ့ တွက်ရင် – ၄၉.၄ ရာခိုင်နှုန်း၊ မြန်မာကျပ်ငွေနဲ့ တွက်ချက်ရင် – ၄၃.၉ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ကီရင်အုပ်စုက ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ မြန်မာဘီယာအပေါ် ပြည်သူလူထုရဲ့သပိတ် မှောက်မှုက အကြမ်းဖက်မြန်မာစစ်တပ်ကို အရှိုက်ကို ထိုးနှက်ချက်ဖြစ်တယ်လို့ Justice for Myanmar က သုံးသပ်ပါတယ်။

ဂျပန်ကုမ္ပဏီ ကီရင်ဟာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ဖက်စပ်လုပ်ဆောင်နေတဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ရပ်ဆိုင်းသွားမယ်လို့ ဖေဖော်ဝါရီကတည်းက ကြေညာခဲ့ပြီး နောက်ဆုံးထုတ်ပြန်ချက်အရ သူတို့ရဲ့ မြန်မာဖက်စပ်လုပ်ငန်းကို တရားဝင်ဖျက်သိမ်းဖို့ ပြောဆို ဆွေးနွေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“သပိတ်မှောက်လှုပ်ရှားမှုတွေဟာ အလုပ်ဖြစ်ထိရောက်ကြောင်း နွေဦးတော်လှန်ရေးက သက်သေပြပြီးဖြစ်ပါတယ်။ သာမန် လူထုတွေက မြန်မာစစ်တပ်ရဲ့ စီးပွါးရေးအကျိုးစီးပွါးတွေကို အမှန်တကယ်ထိခိုက်မှုတွေ ဖြစ်စေ နိုင်ပါတယ်” လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

မြန်မာဘီယာနဲ့ စစ်တပ်ထုတ်ကုန်အားလုံးကို သပိတ် မှောက်လှုပ်ရှားမှုတွေက တရားမဝင်စစ်ကောင်စီဆီ ငွေကြေးစီးဝင်မှုတွေကို ရပ်တန့်စေလျက်ရှိတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် ဘင်းမ်စတက်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။

သတင်း

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

မြန်မာစစ်တပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ ၃ ကြိမ် က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့သိရပါတယ်။

သတင်း

Justice For Myanmar သည် မြန်မာစစ်ကောင်စီအား ဖိတ်ကြားမှုကို ချက်ချင်းရပ်တန့်ရန်၊ နောင်အာဆီယံဒေသတွင်း ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲများနှင့် ပွဲများအားလုံးကို ပိတ်ပင်ရန် တောင်း ဆိုထားသည်။