Connect with us

Hi, what are you looking for?

သတင်း

အာဆီယံဒေသတွင်းဖိုရမ်သို့ စစ်ကောင်စီအားဖိတ်ကြားထားမှုအ​ပေါ် JFM ကန့်ကွက်

Justice For Myanmar သည် မြန်မာစစ်ကောင်စီအား ဖိတ်ကြားမှုကို ချက်ချင်းရပ်တန့်ရန်၊ နောင်အာဆီယံဒေသတွင်း ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲများနှင့် ပွဲများအားလုံးကို ပိတ်ပင်ရန် တောင်း ဆိုထားသည်။

အာဆီယံဒေသတွင်းဖိုရမ်သို့ စစ်ကောင်စီအားဖိတ်ကြားထားမှုအ​ပေါ် JFM ကန့်ကွက်
အာဆီယံဒေသတွင်းဖိုရမ်သို့ စစ်ကောင်စီအားဖိတ်ကြားထားမှုအ​ပေါ် JFM ကန့်ကွက်

တရားမဝင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲ(အာဆီယံဒေသတွင်း ဖိုရမ် ARF)သို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း Justice For Myanmar ကဖော်ပြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ မတ်လ ၈ မှ ၁၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပမည်ဖြစ်ပြီး ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ GIZ မှ ငွေကြေးပံ့ပိုးမှုဖြင့် ဥရောပသမဂ္ဂ၊ အင်ဒိုနီးရှားနှင့် လာအိုတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဟု သိရသည်။ EU က ယနေ့(မတ်လ ၈ ရက်)တွင် ကြိုဆိုဂုဏ်ပြုညစာစားပွဲကို လက်ခံကျင်းပရန် စီစဥ်ထားသည်။

“အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေကို အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ARF က ဖိတ်ခေါ်တာဟာ အဓိပ္ပာယ်မရှိပါဘူး။ အဲဒီဖိတ်ကြားမှုဟာ စစ်အစိုးရကို တရားဝင်စေရုံသာမက ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေး ထောက်ပံ့မှု တားဆီးရေးဆိုင်ရာ အစီအမံများကို နားလည်သဘောပေါက်လာစေဖို့ အခွင့်အလမ်းတစ်ခုဖြစ် လာတဲ့အပြင် အဲဒါတွေကို စစ်ကောင်စီက သူတို့ ဖွဲ့စည်းထားတဲ့ ရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက်များရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပိုမိုကောင်းမွန်စွာ ကျော်လွှားနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ARF အတွင်းရေးမှူးရုံးသည် စစ်ကောင်၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဗဟိုဘဏ် ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် စစ်ကောင်စီ၏ ရဲတပ်ဖွဲနှင့် အကျဉ်းဦးစီးဌာနကို ချုပ်ကိုင်ထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် တိုက်ရိုက်တာဝန်ရှိသည်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂသည် စစ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးနှင့် ပြည်ထဲရေးဒုဝန်ကြီးအပြင် စစ်ကောင်စီအဖွဲ့ကိုလည်း ပိတ်ဆို့အရေးယူထားသည်။

Justice For Myanmar သည် မြန်မာစစ်ကောင်စီအား ဖိတ်ကြားမှုကို ချက်ချင်းရပ်တန့်ရန်၊ နောင်အာဆီယံဒေသတွင်း ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲများနှင့် ပွဲများအားလုံးကို ပိတ်ပင်ရန် တောင်း ဆိုထားသည်။

ယင်းအစား အဆိုပါဖိတ်ကြားချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပေးပို့ဖိတ်ကြားရန် JFM က တိုက်တွန်းသည်။

အာဆီယံသည် ထိပ်သီးညီလာခံများနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ၌ စစ်ကောင်စီခေါင်း ဆောင်နှင့် စစ်ကောင်စီ လက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခြင်းမရှိဘဲ ပိတ်ပင်ထားသည်။ သို့သော် အာဆီယံ၏ ဒေသတွင်းအစည်းအဝေးများတွင် စစ်ကောင်စီ၏ အရာရှိကြီးများကို ဖိတ်ကြားကာ တက်ရောက်ခွင့်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

Facebook