Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားများနှင့်လက်နက်များသယ်ယူရာတွင် တရုတ်အစိုးရပိုင် Sinotruk ကုမ္ပဏီယာဥ်များ အသုံးပြု

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

(ဂျာမန်ကုမ္ပဏီ Traton SE ရင်းနှီးမြှပ်နှံထားသည့် တရုတ်အစိုးရပိုင် Sinotruk ၏ ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - JFM)
(ဂျာမန်ကုမ္ပဏီ Traton SE ရင်းနှီးမြှပ်နှံထားသည့် တရုတ်အစိုးရပိုင် Sinotruk ၏ ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - JFM)

စောနွေဦး/People’s Spring

စစ်ကောင်စီတပ်သားများနှင့် လက်နက်များသယ်ယူပို့ဆောင်ရာတွင် ဂျာမန်ကုမ္ပဏီ Traton SE ရင်းနှီးမြှပ်နှံထားသည့် တရုတ်အစိုးရပိုင် Sinotrukက ပံ့ပိုးကူညီနေကြောင်း Justice For Myanmar-JFMက အသိပေးထုတ်ပြန်သည်။

အဆိုပါကုမ္ပဏီက ပံ့ပိုးကူညီမှုကို စစ်ကောင်စီက ရယူပြီး မြန်မာပြည်သူများအပေါ် ဖိနှိပ်အကြမ်းဖက်မှုလုပ်ဆောင်ရန် နိုင်ငံတဝန်း စစ်ကောင်စီတပ်သားများနှင့် လက်နက်များသယ်ယူပို့ဆောင်မှုကို အဆိုပါ စစ်သုံးထရပ်ကားများအပေါ် မှီခိုရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် Sinotrukက စစ်ကောင်စီနှင့် စီးပွားရေးလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် စစ်ကောင်စီထံ ထရပ်ကားများ ရောင်းချခဲ့ခြင်းမဖြစ်ကြောင်းလည်း ငြင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

“လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း အားလုံး ရပ်ဆိုင်းထားပြီး ဖြစ်ပါသည်”ဟု Sinotruk က ဆိုသည်။

သို့သော် လက်ရှိရရှိထားသော အချက်အလက်များအရ Sinotrukထုတ် ယာဥ်များကို စစ်ကောင်စီ၏ စစ်ဆင်ရေးတွင် တွင်ကျယ်စွာအသုံးပြုနေ၍ ကုမ္ပဏီအနေဖြင့် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ဆောင်နေမှုကို ရပ်တန့်သင့်သည်ဟု JFMက အသိပေးသည်။

ထိုသို့မလုပ်ဆောင်ပါက စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေခြင်းအပေါ် တာဝန်ခံရမည်ဟုလည်း JFMက ဆိုသည်။

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်ရက်ဆက် ပြင်းထန်စွာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ၂၀၂၂ မေလက ကရင်နီပြည်နယ်တွင် စစ်ကောင်စီ ယာဉ်တန်းအား တော်လှန်ရေးရဲဘော်များက တိုက်ခိုက်မှုတွင် Sinotruk စစ်သုံးယာဉ်လေးစီးကို သိမ်းဆည်းရရှိပြီး အဆိုပါယာဥ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။