Connect with us

Hi, what are you looking for?

News

အရာ​တော်ရှိ အမှတ်(၁၀)စစ်အ​ခြေခံ​လေ့ကျင့်​ကျောင်းကို ​ဒေသခံ​​ပျောက်ကြားတပ်​ခြောက်ဖွဲ့က လက်နက်ကြီးဖြင့်တိုက်ခိုက်

“ထိခိုက်မှုတော့ မသိရသေးဘူး။တိုက်ခိုက်ခံရလို့ သူတို့ဘက်က ညနေပိုင်းတစ်ပိုင်းလုံးသေနတ်တွေပစ်ဖောက်နေကြတာတော့ ရှိတယ်”ဟု အရာတော် ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

People's Spring
People's Spring

အရာတော်မြို့နယ်ရှိ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးကျောင်းထဲသို့ ဒေသခံ​ပျောက်ကြားမဟာမိတ်​ခြောက်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယမန်​နေ့(နိုဝင်ဘာ ၁၁ ရက်) ညနေ ၄ နာရီခွဲခန့်က အဝေးပစ်စိန်ပြောင်း(၃)လုံးကို စခတ(၁၀)တပ်အတွင်းသို့ ပစ်သွင်း၍ တန်ဆောင်တိုင်အကြိုလက် ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

“ထိခိုက်မှုတော့ မသိရသေးဘူး။တိုက်ခိုက်ခံရလို့ သူတို့ဘက်က ညနေပိုင်းတစ်ပိုင်းလုံးသေနတ်တွေပစ်ဖောက်နေကြတာတော့ ရှိတယ်”ဟု အရာတော် ပြည်သူ့တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုစစ်ဆင်ရေးကိုသပြေညို ​ပျောက်ကြားတပ်ဖွဲ့ နှင့် Knights Of The Red Land (KORL) ​ပျောက်ကြား တပ်ဖွဲ့တို့ ဦးဆောင်ကာ Ayadaw Falcon Force (AF2)၊ တမန်တော်​ပျောက်ကြား တပ်ဖွဲ့၊ Ayadaw Bone Naing PDF- (ABN -PDF)၊ People’s Guerillas Comm endo -Myinmu တော်လှန်ရေးညီနောင်ခြောက်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးကျောင်းမှာ အရာတော်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများဖမ်းဆီးချုပ်နှောင်ရာနေရာလည်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က နေပူထုတ်လှန်ကာ နှိပ်စက်ခဲ့သည့် ဗီဒီယိုဖိုင်မှာလည်း အောက်တိုဘာ ၂၀ ရက်က ထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။