Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့နယ်ကိုးခု နာရီ၄၀ကြာ ​ရေပြတ်မည်

ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)၏ ရေယိုစိမ့်မှုအားပြုပြင်ရန် နိုဝင်ဘာ ၁၄ရက် နံနက် ၁၀နာရီ မှ နိုဝင်ဘာ ၁၆ရက် မွန်းလွဲ ၂နာရီ အထိ ခန့်မှန်းကြာချိန် နာရီ ၄၀ ခန့် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်ကိုးခု ရေအားလျော့နည်း ပြတ်တောက်မှုများဖြစ်ပေါ်မည်ဟု မြို့တော်စည်ပင်က ထုတ်ပြန်သည်။

ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)၏ ရေယိုစိမ့်မှုအားပြုပြင်ရန် နိုဝင်ဘာ ၁၄ရက် နံနက် ၁၀နာရီ မှ နိုဝင်ဘာ ၁၆ရက် မွန်းလွဲ ၂နာရီ အထိ ခန့်မှန်းကြာချိန် နာရီ ၄၀ ခန့် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြုပြင်ဆောင်ရွက်နေစဥ်အတွင်း အဆိုပါရေသန့်စင်စက်ရုံမှ ရေပေးဝေလျက်ရှိသော မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(​အရှေ့ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ တာမွေ(မေတ္တာညွန့်ရပ်ကွက်)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ် များရှိ ရပ်ကွက်များတွင် ရေအားလျော့နည်းခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် ရေကြိုတင်စုဆောင်းထားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြေညာသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

Facebook