Connect with us

Hi, what are you looking for?

News

လက်နက်ကြီးကျည် တပ်အချင်းချင်းကြား ကျရောက် ပေါက်ကွဲ၍ စစ်ကောင်စီတပ်မှ ၁၅ဦးသေဟု KR ထုတ်ပြန်၊ ဒေသခံများလည်း သတ်ဖြတ်ခံရဟုဆို

စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူများကိုလည်း နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်ဟု KRက ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ တပ်အချင်း ချင်းကြား ကျရောက်ပေါက်ကွဲ၍ ၁၅ဦးသေဆုံးခဲ့ကြောင်းကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၏ ကင်းထောက်စာမျက်နှာအဖြစ် အသိအမှတ် ပြုထားသည့် Kawlin Revoution(KR)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ရက် နံနက်က ကောလင်းအနောက်ခြမ်းချောင်းနားအုပ်စု ဥက္ကံရွာတွင်အထိုင်ချတပ်စွဲ ထားသော စကစတပ်များသည်အင်အား ၂၀၀ ခန့်ဖြင့် ဥက္ကံအနောက်ကြောသို့ စစ်ကြောင်းထွက်ရာ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLPDF)က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ လက်နက်ကြီးကျည် သည် ၎င်းတို့ အချင်းချင်းကြားတွင်ကျရောက် ပေါက်ကွဲ၍ ၁၅ဦးသေဆုံးကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများပြားသည်ဟု လည်းဆိုသည်။

စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူများကိုလည်း နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်ဟု KRက ထုတ်ပြန်ခဲ့သည်။

သတ်ဖြတ်ခံရသူ ၇ဦးရှိရာ ဥက္ကံရွာမှ နှစ်ဦး၊ချောင်းနားရွာမှ ငါးဦး ဖြစ်နိုင်ကြောင်း၊ သတ်ဖြတ်ခံရသူ ခုနစ်ဦးအနက် လူတစ်ဦး၏ မျက်နှာမှ အပကျန် ​ခြောက်ဦးသည် မည်သူမည်ဝါမှန်းမသိရသည်အထိ နှိပ်စက်သတ်ဖြတ်ခံထားရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီးနောက် ကောလင်းအနောက်ခြမ်း ကျေးရွာများ မှသတ်ခံရသူ ၁၀ဦးထက်မနည်းရှိပြီဟုဆိုသည်။ ကျေးရွာအသီးသီးမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook