Connect with us

Hi, what are you looking for?

News

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံရောက်ရှိနေ

မစ္စတာဆာဆာကာဝါခရီးစဉ်အတွင်းမှာ အရပ်ဘက်အဖွဲ့အစည်းအချို့နဲ့လည်းတွေ့ဆုံခဲ့ပြီး အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်၊ မဖြစ်ကို မသိရသေးပါဘူး။

ဂျပန်အစိုးရရဲ့ မြန်မာ့ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မနေ့က အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။

မစ္စတာဆာဆာကာဝါခရီးစဉ်အတွင်းမှာ အရပ်ဘက်အဖွဲ့အစည်းအချို့နဲ့လည်းတွေ့ဆုံခဲ့ပြီး အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်၊ မဖြစ်ကို မသိရသေးပါဘူး။

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်တိုင်အနီးကပ်လာရောက်လေ့လာခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲအပြီးတွင် ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုကိုအကြောင်းပြ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်နဲ့တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးလာရောက်မြန်မာနိုင်ငံခရီးစဉ်နှစ်ကြိမ်စလုံးမှာ မစ္စတာဆာဆာကာဝါဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီး အခုတစ်ကြိမ်လာရောက်ရာမှာတွေ့ဆုံခွင့်မရရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် တရုတ်အထူးကိုယ်စားလှယ်မစ္စတာစွန်းကော်ရှန်းဟာ မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိ နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောက်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ထုတ်ပြန်သည်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။