Connect with us

Hi, what are you looking for?

News

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံရောက်ရှိနေ

မစ္စတာဆာဆာကာဝါခရီးစဉ်အတွင်းမှာ အရပ်ဘက်အဖွဲ့အစည်းအချို့နဲ့လည်းတွေ့ဆုံခဲ့ပြီး အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်၊ မဖြစ်ကို မသိရသေးပါဘူး။

ဂျပန်အစိုးရရဲ့ မြန်မာ့ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မနေ့က အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။

မစ္စတာဆာဆာကာဝါခရီးစဉ်အတွင်းမှာ အရပ်ဘက်အဖွဲ့အစည်းအချို့နဲ့လည်းတွေ့ဆုံခဲ့ပြီး အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်၊ မဖြစ်ကို မသိရသေးပါဘူး။

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်တိုင်အနီးကပ်လာရောက်လေ့လာခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲအပြီးတွင် ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုကိုအကြောင်းပြ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်နဲ့တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးလာရောက်မြန်မာနိုင်ငံခရီးစဉ်နှစ်ကြိမ်စလုံးမှာ မစ္စတာဆာဆာကာဝါဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီး အခုတစ်ကြိမ်လာရောက်ရာမှာတွေ့ဆုံခွင့်မရရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် တရုတ်အထူးကိုယ်စားလှယ်မစ္စတာစွန်းကော်ရှန်းဟာ မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိ နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။