Connect with us

Hi, what are you looking for?

News

CDMဝန်ထမ်းအားလုံးကို နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာ စောင့်သိကြတဲ့သူရဲကောင်းတွေအဖြစ် NUG မှတ်တမ်းဂုဏ်ပြု

အကြမ်းဖက်စစ်ကောင်စီရဲ့ ရာထူးတိုးမြှင့်ရေးဆောင် ရွက်ချက်တွေ၊ စစ်အာဏာရှင်လက်အောက် ပြည်ပသင်တန်းနဲ့ ပညာတော်သင်သွားရောက်သူတွေရဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးရယူခြင်းတွေနဲ့ပတ်သက်လို့ လုံး၀အသိအမှတ် ပြုမှာမဟုတ်ဘူးလို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(စစ်အာဏာရှင်ဖြုတ်ချ​ရေးအဖြစ် ပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှားမှုတွင် ပါဝင်ကြရန် ပြည်သူများက ဆန္ဒပြ​တောင်းဆို​နေသည်ကို ​ဖေ​ဖော်ဝါရီလက ​တွေ့ရစဥ်)

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းကောင်း အမှုထမ်း၊ အရာထမ်းအားလုံးကို နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိကြတဲ့သူရဲကောင်းတွေအဖြစ် မှတ် တမ်းတင်ဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့(နိုဝင်ဘာ ၁၅ရက်)ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရာထူးတိုးမြှင့်ရေးဆောင် ရွက်ချက်တွေ၊ စစ်အာဏာရှင်လက်အောက် ပြည်ပသင်တန်းနဲ့ ပညာတော်သင်သွားရောက်သူတွေရဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးရယူခြင်းတွေနဲ့ပတ်သက်လို့ လုံး၀အသိအမှတ် ပြုမှာမဟုတ်ဘူးလို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နောက်ပြီး ပြည်သူ့အစိုးရလက်ထက်တုန်းက နိုင်ငံ့ဝန်ထမ်းတွေကို ထုတ်ပေးခဲ့တဲ့ အတိုးမဲ့ချေးငွေတွေကို ပြန်ဆပ်ဖို့မလိုတဲ့ချီးမြှင့်ငွေအဖြစ်သတ်မှတ်ထားပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းတွေအနေနဲ့ ၂ လစာ ချေးငွေကို ပြန်လည်ပေးဆပ်ဖို့မလိုဘူးလို့ ထပ်လောင်းအတည်ပြုပါတယ်။

တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်ခန့်အပ်ထားတဲ့ ဝန်ထမ်းအသစ်တွေအတွက် ထုတ်ယူထားတဲ့ လစာတွေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားပြုခြင်း၊ ပြန်လည်ပေးဆပ်ဖို့ မလိုတဲ့နိုင်ငံ့ဝန်ထမ်း အတိုးမဲ့ချေးငွေတွေကို ဖိအားပေးခြိမ်းခြောက်တောင်းခံခြင်းနဲ့ အာဏာ အလွဲသုံးစားပြုခြင်းတွေကို ကျူးလွန်သူတွေနဲ့အနေနဲ့ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။