Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆူပူအောင်လှုံဆော်မှုနဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးကို နိုဝင်ဘာလ ၃၀ ရက်မှာ အမိန့်ချမယ်

၂ ဖက်လျှောက်လဲချက်ပေးပြီးနောက် တရားသူကြီးက အမိန့်ချမယ့်ရက်ကို နိုဝင်ဘာလ ၃၀ ရက်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အမိန့်ချမယ်လို့ တရားရုံးက သတ်မှတ်လိုက်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲက ပထမဆုံးအမိန့်ချမယ့်အမှုလည်းဖြစ်ပါတယ်။

ဒီနေ့ နေပြည်တော်က တရားခွင်မှာ ရာဇသတ်ကြီးပုဒ်မ. ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ အမှုကို ၂ ဖက် အပြီးသတ်လျှောက်လဲချက်ပေးကြပါတယ်။

၂ ဖက်လျှောက်လဲချက်ပေးပြီးနောက် တရားသူကြီးက အမိန့်ချမယ့်ရက်ကို နိုဝင်ဘာလ ၃၀ ရက်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ဒီနေ့ တရားခွင်မှာပဲ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည် သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက် နေ့မှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် စစ်ဆေးမှာဖြစ်ပါတယ်။

ရှေ့နေအဖွဲ့ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ် ၁၅ ဦးကို စစ်ကောင်စီက တရားစွဲလိုက်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကိုအသိပေးရာမှာတော့ ဒီကိစ္စကို ကြားထားပေမယ့် သူတို့ကို တရားဝင် အသိပေးလာတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

Photo – Reuters

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။