Connect with us

Hi, what are you looking for?

News

ဆူပူအောင်လှုံဆော်မှုနဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးကို နိုဝင်ဘာလ ၃၀ ရက်မှာ အမိန့်ချမယ်

၂ ဖက်လျှောက်လဲချက်ပေးပြီးနောက် တရားသူကြီးက အမိန့်ချမယ့်ရက်ကို နိုဝင်ဘာလ ၃၀ ရက်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အမိန့်ချမယ်လို့ တရားရုံးက သတ်မှတ်လိုက်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲက ပထမဆုံးအမိန့်ချမယ့်အမှုလည်းဖြစ်ပါတယ်။

ဒီနေ့ နေပြည်တော်က တရားခွင်မှာ ရာဇသတ်ကြီးပုဒ်မ. ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ အမှုကို ၂ ဖက် အပြီးသတ်လျှောက်လဲချက်ပေးကြပါတယ်။

၂ ဖက်လျှောက်လဲချက်ပေးပြီးနောက် တရားသူကြီးက အမိန့်ချမယ့်ရက်ကို နိုဝင်ဘာလ ၃၀ ရက်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ဒီနေ့ တရားခွင်မှာပဲ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည် သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက် နေ့မှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် စစ်ဆေးမှာဖြစ်ပါတယ်။

ရှေ့နေအဖွဲ့ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ် ၁၅ ဦးကို စစ်ကောင်စီက တရားစွဲလိုက်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကိုအသိပေးရာမှာတော့ ဒီကိစ္စကို ကြားထားပေမယ့် သူတို့ကို တရားဝင် အသိပေးလာတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

Photo – Reuters

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။