Connect with us

Hi, what are you looking for?

LuduNwayOo

News

ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရဲစခန်းမီးရှို့ခံရ၊စစ်ကူလာ​သောစစ်ယာဥ်တန်းပါ မိုင်းဆွဲခံရ

“မိုင်းမထိတဲ့သုံးစီးကတော့ ခင်ဦးဘက်ပြန်လှည့်ထားတယ်။ ရမ်းသမ်းပစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ညောင်ပင်ကြီးစုရဲစခန်းမီးရှို့ခံရပြီး စစ်ကူလာသောယာဥ်တန်းပါ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) မွန်းလွဲ ၁နာရီ ၅၀ မိနစ်ဝန်းကျင်က ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ နယ်မြေရဲစခန်း မီးရှို့ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုအခြေ အနေနှင့် မည်သည့်အဖွဲ့ကပြုလုပ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရဲစခန်းမီးရှို့ခံရပြီးနောက် ခင်ဦးမြို့ဘက်မှထွက်လာသော စစ်ကူလာသည့် အာဏာသိမ်းစစ်​ကောင်စီတပ်ကား ၄ စီးပါ ယာဥ်တန်းသည် ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီး မိုင်းထိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

“မိုင်းမထိတဲ့သုံးစီးကတော့ ခင်ဦးဘက်ပြန်လှည့်ထားတယ်။ ရမ်းသမ်းပစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

သတင်း

ကျားဖြူ စစ်ကြောင်းက ဒီမနက် ထုတ်ပြလာတဲ့ ရုပ်သံဖိုင်ထဲမှာ နေအိမ်တစ်လုံးပေါ်မှာ အင်ဂျင်ဝိုင် ပုံးတွေ ၊ သစ်ရွက်ခြောက်တွေ နဲ့ တာယာကွင်းတွေ စုပုံထားတာကိုတွေ့ရပါတယ်။

သတင်း

​တော်လှန်​ရေးလုပ်ငန်းများအတွက် TNLA ထံသို့သတင်းပို့ရန် သွားစဥ် မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် KIO မှ အရပ်ဘက် စစ်ဘက် ဝန်ထမ်း ၂ ဦးကျဆုံးခဲ့​ကြောင်း KIO/KIA ​၏ ရုံးစာတစ်​စောင့်တွင်လည်း အတည်ပြု​ဖော်ပြထားသည်ကို​တွေ့ရသည်။