Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရဲစခန်းမီးရှို့ခံရ၊စစ်ကူလာ​သောစစ်ယာဥ်တန်းပါ မိုင်းဆွဲခံရ

“မိုင်းမထိတဲ့သုံးစီးကတော့ ခင်ဦးဘက်ပြန်လှည့်ထားတယ်။ ရမ်းသမ်းပစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ညောင်ပင်ကြီးစုရဲစခန်းမီးရှို့ခံရပြီး စစ်ကူလာသောယာဥ်တန်းပါ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) မွန်းလွဲ ၁နာရီ ၅၀ မိနစ်ဝန်းကျင်က ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ နယ်မြေရဲစခန်း မီးရှို့ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုအခြေ အနေနှင့် မည်သည့်အဖွဲ့ကပြုလုပ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရဲစခန်းမီးရှို့ခံရပြီးနောက် ခင်ဦးမြို့ဘက်မှထွက်လာသော စစ်ကူလာသည့် အာဏာသိမ်းစစ်​ကောင်စီတပ်ကား ၄ စီးပါ ယာဥ်တန်းသည် ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီး မိုင်းထိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

“မိုင်းမထိတဲ့သုံးစီးကတော့ ခင်ဦးဘက်ပြန်လှည့်ထားတယ်။ ရမ်းသမ်းပစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။