Connect with us

Hi, what are you looking for?

News

ရဲနှစ်ဦးသေဆုံးခဲ့သည့် မအူရဲစခန်းတိုက်ခိုက်မှု ဓာတ်ပုံများ ရေစကြို PDF ထုတ်ပြန်

ယနေ့ (နိုဝင်ဘာ ၁၈ရက်) နေ့လည် ၂နာရီခန့်တွင် မအူရဲစခန်းကို ရေစကြို PDFနှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)တို့ အတူပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းဖော်ပြထားသည်။

မကွေးတိုင်း ရေစကြိုမြို့နယ် မအူရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ၍စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ယနေ့ (နိုဝင်ဘာ ၁၈ရက်) နေ့လည် ၂နာရီခန့်တွင် မအူရဲစခန်းကို ရေစကြို PDFနှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)တို့ အတူပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းဖော်ပြထားသည်။

ထို့အပြင် ရဲစခန်းအား ၁နာရီကြာတိုက်ပွဲဆင်နွဲပြီး အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်တော့ ( ၁)လုံး ဆိုင်ကယ်( ၄ )စီး ၊ဗုံးသီး (၁)လုံးနှင့် ကျည်များအပါအဝင် စာရွက်စာတမ်းများအား သိမ်းဆည်းကာ စခန်းကို မီးရှို့ခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူထုတ်ပြန်ခဲ့ထားသည်။

ရေစကြို PDF နှင့် မဟာမိတ်အဖွဲ့များသည် နိုဝင်ဘာ ၁၃ရက်ကလည်း ရေစကြိုမြို့နယ် ပခန်းငယ် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်ကလည်း ရဲများ ဒဏ်ရာများဖြင့် ထွက်ပြေးသွား၍ စခန်းကို မီးရှို့ ဖျက် ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။