Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိဟု KNDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များ ဒီးမော့ဆိုမြို့နယ်တွင် တပ်အင်အားများ ဖြည့်တင်း လျက်ရှိပြီး၊ ဖရူဆို၊ဘောလခဲမြို့နယ်ဘက်သို့ တပ်အင်အား ဖြည့်တင်းရန်ကြိုးစားလျက်ရှိကြောင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း‌ဒေသဘက်သို့လည်း စစ်ကောင်စီတပ်မှ အင်အား ၃၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်းKNDF ထုတ်ပြန်ချက်၌ ပါရှိသည်။

–အရပ်သား ၂ဦးကို စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်သတ်ဟုဆို

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ( နိုဝင်ဘာ၁၈ရက်) တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၈ရက် နေ့လည်ပိုင်းက ဒီးမော့ဆိုမြို့နယ် (၅)မိုင်နှင့် (၆) မိုင်ကျေးရွာ တစ်လျှောက်တွင် ကရင်နီတပ်မတော် (KA)၊ KNDF တို့နှင့် အကြမ်းဖက်စစ်ကောင်စီတပ် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ ယာဉ်တန်းသည် လွိုင်ကော်မြို့မှ၊ ဒီးမော့ဆိုမြို့၊ဖရူဆို၊ဘောလခဲမြို့နယ်ဘက်သို့ စစ်အင်အားဖြည့်တင်းမည်ဟုယူဆရသော ယာဉ်တန်းဖြစ်ပြီး စစ်ကား ၂၀စီးပါဝင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၆) မိုင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီအမြောက်တပ်မှ တိုက်ပွဲဖြစ်ပွားရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ ဒီးမော့ဆိုမြို့နယ်တွင် တပ်အင်အားများ ဖြည့်တင်း လျက်ရှိပြီး၊ ဖရူဆို၊ဘောလခဲမြို့နယ်ဘက်သို့ တပ်အင်အား ဖြည့်တင်းရန်ကြိုးစားလျက်ရှိကြောင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း‌ဒေသဘက်သို့လည်း စစ်ကောင်စီတပ်မှ အင်အား ၃၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်းKNDF ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook