Connect with us

Hi, what are you looking for?

News

ကျောက်ရစ်ကင်းစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူနှင့်အတူပူး​ပေါင်းလာ၍ ကျပ်၄၅ သိန်း ချီးမြှင့်ခံရ၊ လွတ်​မြောက်နယ်​မြေသို့ ပို့​ဆောင်​ပေးခဲ့ဟု YFPDF ထုတ်ပြန်

ကျောက်ရစ်ရဲကင်းစခန်းမှ ကိုယ်ပိုင်အမှတ် (လ၂၇၄၁၈၅ )ရဲတပ်သား မောင်ထက်သူရသည် G3 သေနတ်တစ်လက် ၊ကျဉ်အတောင့် (၁၀၀)နှင့် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ CDM ဝင်လာခြင်းဖြစ် သည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာသဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ဆုငွေကျပ် ၄၅သိန်း ချီးမြှင့်ပြီး လွတ်မြောက်နယ်​မြေအရပ်ကို ပို့ဆောင်ပေးခဲ့ကြောင်း ယနေ့(နိုဝင်ဘာ၂၀ ရက်)တွင် YFPDF က သတင်းထုတ်ပြန်သည်။

ကျောက်ရစ်ရဲကင်းစခန်းမှ ကိုယ်ပိုင်အမှတ် (လ၂၇၄၁၈၅ )ရဲတပ်သား မောင်ထက်သူရသည် G3 သေနတ်တစ်လက် ၊ကျဉ်အတောင့် (၁၀၀)နှင့် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ CDM ဝင်လာခြင်းဖြစ် သည်။

ဒေသကာကွယ်ရေး မဟာမိတ် ညီတောင်(၅)ဖွဲ့ဖြစ်သည့် Young Fighters People’s Defence Force of Myaung(YFPDF)၊ Myaung Special People’s Defense Force ( MSPDF)၊ 27 Revolution Forces၊ 11Brothers Revolution Forces နှင့် T.G.R People’s Defence Force ထံသို့ ခိုလုံလာသည့် အတွက် ဒေသကာကွယ်ရေးအဖွဲ့များစုပေါင်းကာ ကျပ်၄၅သိန်း ချီးမြှင့်ခဲ့သည်။

ထို့အပြင် ရဲတပ်သားမောင်ထက်သူရကို ရဲကင်းစခန်းမှ ကယ်ထုတ်ပေးနိုင်ခဲ့သည့် ပြည်သူတစ်ဦးကိုလည်း ကျပ်၁၀သိန်း ဂုဏ်ပြုလိုက်သည်ဟု YFPDF က ဆို သည်။

Public Service Announcement

Public Service Announcement

ယခု ဖြစ်စဥ်ကို အမျိုးသားညီညွတ်ရေးအစိုး (NUG)ထံ စာရင်းပေးသွားမည်ဖြစ်ပြီး ဆက်လက် ခိုလုံလိုသူများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ကြောင်း YFPDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။