Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ရစ်ကင်းစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူနှင့်အတူပူး​ပေါင်းလာ၍ ကျပ်၄၅ သိန်း ချီးမြှင့်ခံရ၊ လွတ်​မြောက်နယ်​မြေသို့ ပို့​ဆောင်​ပေးခဲ့ဟု YFPDF ထုတ်ပြန်

ကျောက်ရစ်ရဲကင်းစခန်းမှ ကိုယ်ပိုင်အမှတ် (လ၂၇၄၁၈၅ )ရဲတပ်သား မောင်ထက်သူရသည် G3 သေနတ်တစ်လက် ၊ကျဉ်အတောင့် (၁၀၀)နှင့် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ CDM ဝင်လာခြင်းဖြစ် သည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာသဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ဆုငွေကျပ် ၄၅သိန်း ချီးမြှင့်ပြီး လွတ်မြောက်နယ်​မြေအရပ်ကို ပို့ဆောင်ပေးခဲ့ကြောင်း ယနေ့(နိုဝင်ဘာ၂၀ ရက်)တွင် YFPDF က သတင်းထုတ်ပြန်သည်။

ကျောက်ရစ်ရဲကင်းစခန်းမှ ကိုယ်ပိုင်အမှတ် (လ၂၇၄၁၈၅ )ရဲတပ်သား မောင်ထက်သူရသည် G3 သေနတ်တစ်လက် ၊ကျဉ်အတောင့် (၁၀၀)နှင့် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ CDM ဝင်လာခြင်းဖြစ် သည်။

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေး မဟာမိတ် ညီတောင်(၅)ဖွဲ့ဖြစ်သည့် Young Fighters People’s Defence Force of Myaung(YFPDF)၊ Myaung Special People’s Defense Force ( MSPDF)၊ 27 Revolution Forces၊ 11Brothers Revolution Forces နှင့် T.G.R People’s Defence Force ထံသို့ ခိုလုံလာသည့် အတွက် ဒေသကာကွယ်ရေးအဖွဲ့များစုပေါင်းကာ ကျပ်၄၅သိန်း ချီးမြှင့်ခဲ့သည်။

ထို့အပြင် ရဲတပ်သားမောင်ထက်သူရကို ရဲကင်းစခန်းမှ ကယ်ထုတ်ပေးနိုင်ခဲ့သည့် ပြည်သူတစ်ဦးကိုလည်း ကျပ်၁၀သိန်း ဂုဏ်ပြုလိုက်သည်ဟု YFPDF က ဆို သည်။

ယခု ဖြစ်စဥ်ကို အမျိုးသားညီညွတ်ရေးအစိုး (NUG)ထံ စာရင်းပေးသွားမည်ဖြစ်ပြီး ဆက်လက် ခိုလုံလိုသူများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ကြောင်း YFPDFက အသိပေးထားသည်။