Connect with us

Hi, what are you looking for?

News

ကျိုက်နဲ​ရေလယ်ဘုရားပွဲလာသည့် ​လှေ​မှောက်၍ ဆရာ​တော်တစ်ပါးနှင့် လူ၁၃ဦး ​ရေနစ်​သေဆုံး

“ကျန်သေးတယ်ဆိုလို့ ထပ်ရှာနေတယ်။လောလောဆယ် ၁၁ နာရီ အထိတော့ အလောင်း ၁၄ လောင်းတွေ့ထားတယ်”ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ် သံဖြူဇရပ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲသို့ ဘုရားဖူးလာ​ရောက်သည့် ​လှေတိမ်း​မှောက်၍ ဆရာ​တော်တစ်ပါး နှင့် လူပုဂ္ဂိုလ်၁၃ဦး ​​ရေနစ်သေဆုံးမှု ယနေ့ (နိုဝင်ဘာ၂၁) နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့သည်။

“လှေအချင်းချင်း ညပ်ပြီးတော့ လှေမှောက်ပြီး ရေနစ်သေဆုံးကုန်ကြတာ”ဟု ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရေနစ်သေဆုံးမှုတွင် ဆရာ​တော်တစ်ပါး၊ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၁၂ဦးတို့ဖြစ်ကြောင်း သိရသည်။

“ကျန်သေးတယ်ဆိုလို့ ထပ်ရှာနေတယ်။လောလောဆယ် ၁၁ နာရီ အထိတော့ အလောင်း ၁၄ လောင်းတွေ့ထားတယ်”ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာကြားတွင်ရှိသည့် ကျိုက်နဲရေလယ်ဘုရားသည် နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ရက်မှ၃ရက်အထိ ကျင်းပလေ့ရှိသည့် ဘုရားပွဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။