Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသ၌ တစ်ရက်တည်း တိုက်ပွဲ ၆ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူ ၂၀ကျော်ရှိဟု MNDAA ထုတ်ပြန်

နိုဝင်ဘာ ၂၁ရက်နေ့ အတွင်း စစ်ကောင်စီမှ မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း (၉၀၀)ကျော် ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မုံးကိုးဒေသ၌ တစ်ရက် တည်း တိုက်ပွဲ ၆ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ကျော်ထိခိုက်သေဆုံးခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၁ရက်နေ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးသတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တပ်ဖွဲ့သည် နိုဝင်ဘာ ၂၁ရက် နံနက်ပိုင်း၌ MNDAA၏ မန်ရန် တပ်စခန်းကို (၂)ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာရာ နေ့လည် ပိုင်းတွင် စစ်ကောင်စီတပ် နောက်ပြန်ဆုတ်အောင် ပြန်လည်ခုခံနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ (၂၀)ကျော်ရှိခဲ့ပြီး MNDAA တပ်ဖွဲ့ဝင် ၃ဦ ဒဏ်ရာရကာ ၁ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ ရှိကျိကျတောင်တန်းနှင့် မန်ရန်‌ဒေသရှိ ကိုးကန့် MNDAA ၏တပ်စခန်းကို လက်နက်ကြီး ပစ်ခတ်မှု အများအပြား ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ကောင်စီမှ သုံးလေ့သုံးထရှိသော စစ်ပရိယာယ် တစ်မျိုးဖြစ်ကြောင်း၊ စစ်ကောင်စီတပ်တို့သည် မုံးကိုးတိုက်ပွဲတစ်ကြော့ပြန် ပေါက်ပွားချိန်မှ စတင်၍ မုံးကိုးခရိုင် ၊ ရှိကျိကျ တောင်တန်း နှင့် မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၂၁ရက်နေ့ အတွင်း စစ်ကောင်စီမှ မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း (၉၀၀)ကျော် ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

တစ်ရက်အတွင်း မုံးကိုးခရိုင်ရှိ ပန်ရင်လပ ၊ ပန်ဆာ‌တောင်ကုန်း၊ ရှပန်ဆာ ၊ ချင်ချိုင့်ထန်‌တောင်ကုန်းနှင့် ဖောင်းဆိုင်တံတား စသောနေရာများတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုဆိုသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လမှစ၍ မုံးကိုးဒေသ၌ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။