ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်၏ ဆီသယ်ယာဥ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကျောက်ထု PDF က ယနေ့(နိုဝင်ဘာ ၂၂ ရက်)တွင် ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက်တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ ဆီသယ်ယာဥ်တစ်စီးအား စစ်ဆေးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပုံမှန်ဆီသယ်ယူနေသော ယာဥ်ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ကျောက်ထု PDFက ဆိုသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီယန္တရားထောက်တိုင်တစ်ခုဖြစ်နေသော ဆီသယ်ယာဥ်အား မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မိဘပြည်သူများအနေနှင့်လည်း အကြမ်းဖက်စစ်ကောင် စီယန္တရားများတွင် ပါဝင်ကူညီခြင်း၊ လိုက်ပါဆောင်ရွက်ခြင်းများမပြုလုပ်ရန် ကျောက်ထုPDFက အသိပေးသည်။