Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ MNDAA ထပ်မံ သိမ်းဆည်းရမိ

ရှေ့တန်းနယ်မြေ၏ တည်နေရာကို ဖော်ပြမထားသော်လည်း ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၂၁ရက်က မုံးကိုးဒေသရှိ နေရာ ၆ခု၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို နိုဝင်ဘာ ၂၁ရက်တွင် ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့ ထုတ်ပြန်သည်။

MNDAA ရှေ့တန်းနယ်မြေ၌ စစ်ကောင်စီတပ်က စွန့်ပစ်ထားသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သေနတ် ၂လက်၊ ကျည်ဆံများ၊ ဖုန်းနှင့် ကျည်ကာအင်္ကျီများ ကို ရိုက်ကူးထားသည့် ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ရှေ့တန်းနယ်မြေ၏ တည်နေရာကို ဖော်ပြမထားသော်လည်း ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၂၁ရက်က မုံးကိုးဒေသရှိ နေရာ ၆ခု၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မုံးကိုးဒေသ မန်ရန်တပ်စခန်းကို နိုဝင်ဘာ ၂၁ရက်က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ကျော် ထိခိုက်သေဆုံးပြီး MNDAA တပ်မှ ၁ဦးကျဆုံး ၃ဦးဒဏ်ရာရရှိခဲ့သည်ဟု MNDAAက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခင်တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်မှ စွန့်ပစ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်းကို MNDAAက မကြာခဏ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။