Connect with us

Hi, what are you looking for?

News

ရေနံဆီတင်ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်စစ်ကောင်စီတပ်မှ ၇ဦးခန့်သေဟုထုတ်ပြန်

နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း မြိုင်-လင်းကတော လမ်းရှိ လင်းကတောစခန်းမှူး လင်မယားစီးလာသောစစ်ကောင်စီကားအားမိုင်း (၆) လုံးဖြင့် တိုက်ခိုက်ရာ ၂ ယောက်လုံး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင် PDFမှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မကွေးတိုင်း မြိုင်မြို့နယ် လက်ပံတိုရေနံမြေမှ ရေနံများသယ် ဆောင်လာ‌သော ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦးခန့် သေဆုံးခဲ့ကြောင်း ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) က ထုတ်ပြန်သည်။

ယ​နေ့(နိုဝင်ဘာ ၂၄ရက်) နံနက်ပိုင်းက မြိုင််မြို့နယ် လက်ပံတိုရေနံမြေမှ ရေနံများသယ် ဆောင်လာ‌သော စစ်ကောင်စီ ထောက်တိုင် ရေနံ‌ဆီ ဘောက်ဆာယာဉ်များနှင့် ၎င်းဘောက‌်ဆာများအားလုံခြုံရေး‌အဖြစ်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ မော်တော်ယာဉ်များအပါအဝင် ယာဉ် ၁၀စီးခန့်ကို လက်ပံတို-အရာတော်လမ်းပေါ် တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ရေနံတင်ယာဉ်တန်းကို ရှော့တိုက်ဒုံးများ၊ အဝေးထိန်း မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ
စက်လက်တင်ဆောင်လာသော ကားအား တိုက်ရိုက်ထိမှန်၍ ကားမှာ လုံးဝပျက်စီးသွားပြီး ကားပေါ်ရှိ စစ်သားများ သေဆုံးထိခိုက်မှုများပြားကြောင်း၊ ဆီဘောက်ဆာယာဉ် ၁စီး၊စက်ကလေးတင်ဆောင်လာသည့်စစ်ကောင်စီယာဉ် ၁စီးတို့ထိခိုက်ပျက်စီးခဲ့ပြီး အနည်းဆုံး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့်သေဆုံးခဲ‌့ကြောင်း ပါရှိသည်။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် များ အောင်မြင်စွာ ဆုတ်ခွာခဲ့ကာ ဘေးကင်းသောနေရာသို့ရောက်ရှိပြီး ဖြစ်ကြောင်း မြိုင် PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“မြိုင်မှာခွဲတာ ပေါက်ထိကို တုန်သွားတယ်။ အသံကြီးက ဟိန်းထွက်လာတယ်။”ဟု မြိုင်နယ်နှင့်ထိဆက်နေသည့်ပေါက်နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PPDFနှ့င့် မြိုင် PDF အဖွဲ့ခွဲ မြေခွေး ပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း မြိုင်-လင်းကတော လမ်းရှိ လင်းကတောစခန်းမှူး လင်မယားစီးလာသောစစ်ကောင်စီကားအားမိုင်း (၆) လုံးဖြင့် တိုက်ခိုက်ရာ ၂ ယောက်လုံး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင် PDFမှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။