ချင်းပြည်နယ်ထန်တလန်မြို့ပေါ်ရှိနေအိမ်များ ယနေ့မွန်းလွဲပိုင်းမှစ၍ မီးထပ်ရှို့ခံရပြီးညပိုင်းအထိ့မီးလောင်ကျွမ်းနေကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၄ရက် မွန်းလွဲ ၂နာရီခန့်မှစ၍ မိးရှို့ခံရပြီးမီးလောင်ကျွမ်းခြင်းဖြစ်ကာ မီးလောင်ကျွမ်းပုံအသေးစိတ်ကိုမူမသိ့ရှိရသေးပေ ။

“ အိမ်ဘယ်လောက် လောင်တယ်ဆိုတာ မသိရသေးဘူး။ မနက်ဖြန်လောက်ဆိုရင်တော့ သိရမယ်ထင်တယ်” ဟု ချင်းဒေသခံက ပြောသည်။
ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့(CDF)က ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် စက်တင်ဘာလတွင် အိမ်ခြေ ၂၀နီးပါး မီးလောင်ခဲ့ပြီး အောက်တိုဘာလတွင် အိမ်ခြေ ၁၆၀ကျော် မီးလောင်ကျွမ်းခဲ့သည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကို ကြောက်ရွံ့၍ ထန်တလန်မြို့ခံအားလုံးနီးပါး မြန်မာ – အိန္ဒိယ နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

Public Service Announcement




















































