Connect with us

Hi, what are you looking for?

News

မြန်မာဘီယာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖျက်သိမ်းဖို့ ဦးပိုင် စီစဉ်

Myanmar Brewery Limited ဖျက်သိမ်းရေး ကိစ္စကို ဦးပိုင်အနေနဲ့ တရားရုံးမှာ လျှောက်ထားလိုက်တဲ့နောက်ပိုင်း နှစ်ဦးနှစ်ဖက် ဖက်စပ် လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့လည်း Kirinရဲ့ ထုတ်ပြန်ချက်မှာ ပါရှိနေပါတယ်။

ပြင်းပြင်းထန်ထန် သပိတ်မှောက်မှုတွေနဲ့ ကြုံခဲ့တဲ့နောက် မြန်မာဘီယာ ထုတ်လုပ်တဲ့ ကုမ္ပဏီကို ဖျက်သိမ်းဖို့ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က စီစဉ်နေပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက Kirinကုမ္ပဏီနဲ့ ဦးပိုင်တို့ ပူးပေါင်းပြီး ဖက်စပ် ထူထောင်ထားတဲ့ Myanmar Brewery Limitedကို စာရင်းရှင်း ဖျက်သိမ်းခွင့် ပြုဖို့အတွက် ဦးပိုင်က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဒီလို လျှောက်ထားမှုကို နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဦးပိုင်က ကြေညာထားပါတယ်။

နိုဝင်ဘာ ၂၄ ရက်မှာတော့ Kirinကလည်း Myanmar Brewery Limitedကို ဖျက်သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ သီးခြား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ Kirinဟာ ဦးပိုင်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် တစ်ဖက်က လိုလိုလားလား ပူးပေါင်းမှု လုံးဝ မရှိခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ဂျပန် ကုမ္ပဏီက ဆိုပါတယ်။

Myanmar Brewery Limited ဖျက်သိမ်းရေး ကိစ္စကို ဦးပိုင်အနေနဲ့ တရားရုံးမှာ လျှောက်ထားလိုက်တဲ့နောက်ပိုင်း နှစ်ဦးနှစ်ဖက် ဖက်စပ် လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့လည်း Kirinရဲ့ ထုတ်ပြန်ချက်မှာ ပါရှိနေပါတယ်။

Public Service Announcement

Public Service Announcement

Kirin အနေနဲ့ Myanmar Brewery Limitedကို အကြောင်းပြုပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုမှာ တစ်တပ်တစ်အား ကူညီ အားဖြည့်ဖို့ အစကတည်းက အားထုတ်ခဲ့ကြောင်း၊ အခု အခါမှာတော့ Kirinရဲ့ ကျင့်ဝတ်တွေနဲ့အညီ ဖက်စပ် ကုမ္ပဏီ ဖျက်သိမ်းရေး ကိစ္စကို မြန်နိုင်သမျှ မြန်မြန်၊ ပွင့်လင်းမြင်သာမှု ရှိရှိ၊ မျှမျှတတနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Myanmar Brewery Limitedရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Kirinက ပိုင်ဆိုင်ပြီး စစ်တပ် လက်အောက်ခံ ဦးပိုင်က ၄၉ ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။ ဒီကုမ္ပဏီဟာ ပြည်တွင်းမှာ အရောင်းရဆုံး ဘီယာ အမှတ်တံဆိပ်ဖြစ်တဲ့ မြန်မာဘီယာအပြင် အက်ဒ်မန်ဂိုးလ်လို ဘီယာတွေကိုပါ စျေးကွက်ထဲ ဖြန့်ဝေ ရောင်းချနေပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာဘီယာအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် သပိတ်မှောက်တဲ့ Boycott လှုပ်ရှားမှုတွေ ပေါ်ပေါက်လာသလို ရောင်းအားလည်း ထိုးကျသွားပါတယ်။ တစ်ဖက်မှာလည်း အာဏာသိမ်းမှုအပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လက်တွဲဖော်အဖြစ် ရပ်တည်နေတဲ့ Kirinအပေါ် ဖိအားတွေ ကြီးမားလာပြီး နှစ်ဖက် ဆက်ဆံရေးမှာ အက်ကြောင်းတွေ ထင်လာခဲ့ပါတယ်။

Myanmar Brewery Limitedကို ၁၉၉၅ ခုနှစ်မှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက Kirinရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေဟာ ပြည်တွင်း ဘီယာ စျေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင်္ကြန်မတိုင်ခင်တစ်လအလိုကတည်းက ပြင်ဆင်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို ဧပြီ ၆ ရက်မှာ စဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စင်ကာပူအခြေစိုက်ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီ 2C2Pက မြန်မာနိုင်ငံမှ ထွက်ခွာရန် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ယနေ့(ဧပြီ ၄ ရက်)တွင် ကြေညာသည်။

သတင်း

၂၀၂၄ခုနှစ်အတွင်း ကုမ္ပဏီ ၂၀,၀၀၀ ခန့်ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက စာရင်းများအရသိရသည်။

သတင်း

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။