Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ ချုပ်လုပ်တဲ့အထည်​တွေကိုဝယ်ယူတော့မှာ မဟုတ်ကြောင်း Zara ရဲ့ မိခင်ကုမ္ပဏီ အတည်ပြု

ကုမ္ပဏီရဲ့ မိတ်ဖက် ကမ္ဘာ့အလုပ်သမား သမဂ္ဂ တစ်ခုဖြစ်တဲ့ IndustriALLရဲ့ စည်းရုံး လှုံ့ဆော်မှုကို လက်ခံပြီး မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ ချုပ်လုပ်တဲ့ အဝတ်အထည်တွေကို မဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ Inditexက ဆိုပါတယ်။

(နိုင်ငံတကာရှိZara ဆိုင်ခွဲတစ်ဆိုင် နှင့် မြန်မာပြည်တွင် ချုပ်လုပ်​သော Zara အထည်တစ်ထည် ။ဓါတ်ပုံ-ရိုက်တာ)
(နိုင်ငံတကာရှိZara ဆိုင်ခွဲတစ်ဆိုင် နှင့် မြန်မာပြည်တွင် ချုပ်လုပ်​သော Zara အထည်တစ်ထည် ။ဓါတ်ပုံ-ရိုက်တာ)

ကမ္ဘာကျော် ဖက်ရှင် အမှတ်တံဆိပ် Zaraရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Inditexက မြန်မာနိုင်ငံမှာ ချုပ်လုပ်တဲ့ အဝတ်အထည်တွေကိုဝယ်ယူတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

ကုမ္ပဏီရဲ့ မိတ်ဖက် ကမ္ဘာ့အလုပ်သမား သမဂ္ဂ တစ်ခုဖြစ်တဲ့ IndustriALLရဲ့ စည်းရုံး လှုံ့ဆော်မှုကို လက်ခံပြီး မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ ချုပ်လုပ်တဲ့ အဝတ်အထည်တွေကို မဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ Inditexက ဆိုပါတယ်။

IndustriALLရဲ့ တောင်းဆိုမှုကိုလေးစားလိုက်နာပြီး မြန်မာနိုင်ငံကနေ တာဝန်ခံမှုရှိရှိ ထွက်ခွာဖို့ Inditex အနေနဲ့ တစ်ဆင့်ချင်းစီ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊အဲဒီအတွက် မြန်မာနိုင်ငံက မိတ်ဖက် အထည်ချုပ် စက်ရုံတွေမှာ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းအင်အားကို စတင် လျှော့ချနေကြောင်း Inditexရဲ့ အခုသီတင်းပတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(နိုင်ငံတကာရှိZara ဆိုင်ခွဲတစ်ဆိုင် နှင့် မြန်မာပြည်တွင် ချုပ်လုပ်​သော Zara အထည်တစ်ထည် ။ဓါတ်ပုံ-ရိုက်တာ)
(နိုင်ငံတကာရှိZara ဆိုင်ခွဲတစ်ဆိုင် နှင့် မြန်မာပြည်တွင် ချုပ်လုပ်​သော Zara အထည်တစ်ထည် ။ဓါတ်ပုံ-ရိုက်တာ)

Inditexဟာ မြန်မာနိုင်ငံအထည်ချုပ်စျေးကွက်ကို အပြီးတိုင် စွန့်ခွာမယ့် အချိန်ကာလ သတ်မှတ်ချက်ကို အတည်မပြုခဲ့သလို ပြည်တွင်းမှာ ရှိနေတဲ့ မိတ်ဖက် ကုမ္ပဏီတွေရဲ့ နာမည်ကိုလည်း မထုတ်ပြန်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကအထည်ချုပ်စက်ရုံဘယ်နှရုံထိ Zaraနဲ့ Inditexအတွက်အဝတ်အထည်တွေ ချုပ်လုပ်ပေးနေသလဲ ဆိုတာကို တိတိကျကျ မသိရပါဘူး။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေဟာ အနောက်နိုင်ငံတွေရဲ့ နာမည်ကျော် ဖက်ရှင်နဲ့ အားကစား အမှတ်တံဆိပ်တွေအတွက် အဝတ်အထည်တွေ၊ ဖိနပ်တွေ အများအပြားကို တာဝန်ယူ ချုပ်လုပ်ပေးနေပါတယ်။ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ တခြား လုပ်ငန်းနယ်ပယ်တွေလိုပဲ မြန်မာ့ အထည်ချုပ် လုပ်ငန်းဟာလည်း နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေရဲ့ ဂယက်ရိုက်ခတ်မှုကို အပြင်းအထန် ခံစားခဲ့ရပါတယ်။

အထည်ချုပ် လုပ်ငန်းတွေက ပေးဆောင်တဲ့ အခွန်အခတွေဟာ အာဏာသိမ်း စစ်တပ်အတွက် ဝင်ငွေရရှိစေတာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေကို စွန့်ခွာဖို့ အနောက်နိုင်ငံ အခြေစိုက် ဖက်ရှင်နဲ့ အားကစား ကုမ္ပဏီတွေကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အလုပ်သမား သမဂ္ဂတွေက အပြင်းအထန် ဖိအားပေးလာပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အဲဒီလို ကုမ္ပဏီကြီးတွေ အများအပြား မြန်မာနိုင်ငံကို စွန့်ခွာသွားရင် အထည်ချုပ်လုပ်သား အများအပြား အလုပ်လက်မဲ့ ဖြစ်သွားနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးမျိုးကလည်း ခြိမ်းခြောက်နေပြန်ပါတယ်။

အစောပိုင်းမှာ စပိန်နိုင်ရဲ့ ဖက်ရှင် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Mango ကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

Inditexဟာ ကုမ္ပဏီရဲ့ အထည်ချုပ် လုပ်ငန်းကွန်ရက်တွေ ဖြန့်ကျက်ထားရာ မိတ်ဖက်နိုင်ငံတွေမှာရှိနေတဲ့အလုပ်သမား သမဂ္ဂတွေနဲ့ ချိတ်ဆက်ပေးဖို့၊ ဝန်ထမ်းတွေရဲ့လိုအပ်ချက်နဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေကို စောင့်ကြည့် လေ့လာပေးဖို့အတွက် IndustriALLကို တာဝန်အပ်နှင်းထားတာ ဖြစ်ပါတယ်။ Inditexနဲ့ IndustriALLရဲ့ လက်တွဲမှုဟာ ၂၀၀၇ မှာ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ထပ်မံ သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အတွေးအမြင်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။