Connect with us

Hi, what are you looking for?

သတင်း

အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီအချက်အလက်များ ဖော်ပြမှု စစ်ကောင်စီဖယ်ရှား

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။

အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီအချက်အလက်များ ဖော်ပြမှု စစ်ကောင်စီဖယ်ရှား
အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီအချက်အလက်များ ဖော်ပြမှု စစ်ကောင်စီဖယ်ရှား

ပွင့်လင်းမြင်သာစီးပွားရေးလုပ်ငန်းများဖြစ်စေရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ဂျပန်အစိုးရ အကူအညီဖြင့်ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီအချက်အလက်များဖော်ပြမှုကို စစ်ကောင်စီက ဖယ်ရှားလိုက်ကြောင်း Justice For Myanmar-JFM က ထုတ်ပြန်လိုက်သည်။

ထိုစနစ်ကို ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန (DICA)က ထိန်းချုပ်ထားခြင်းဖြစ်သည်။

“အခုပြင်ဆင်မှုမှာ ဒါရိုက်တာအမည်၊ မှတ်ပုံတင်တဲ့နေ့စွဲ၊ ကုမ္ပဏီလိပ်စာ၊ အီးမေးနဲ့ ဖုန်းနံပါတ်တွေကို မဖော်ပြတော့တဲ့အတွက် ပွင့်လင်းမြင်သာမှုအဆင့်အတန်း အကြီးအကျယ်ထိခိုက်စေပါတယ်”ဟုလည်း JFMက ဆိုသည်။

ယခုလိုဖုံးကွယ်လိုက်ခြင်းသည် လူပုဂ္ဂိူလ်များနှင့်ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မှုများကို အလွယ်တကူရှောင်လွှဲပြီး စစ်အုပ်စုကို လက်နက်နှင့်ငွေကြေးပံ့ပိုးနိုင်ရန်အတွက်ဖြစ်သည်ဟု JFMကဆိုထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအစိုးရများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူများကို ပိုမိုလုပ်ဆောင်ပြီး စစ်အုပ်စုအတွက် လက်နက်နှင့်ငွေကြေးလမ်းကြောင်းများ ပိတ်ဆို့ရန် အရေးပေါ်လိုအပ်နေသည်ဟုလည်းဆိုသည်။

“ဒီဝပ်ဆိုဒ်မှာ ကုမ္ပဏီတခုရဲ့ နာမည်ကိုရှာလိုက်ရင် ဆက်စပ်နဲ့ ကုမ္ပဏီတွေ၊ ပိုင်ရှင်တွေကော အကုန်လုံးပေါ်လာတာဆိုတော့ ဒါကို သူတို့က(စစ်ကောင်စီ)က မကြိုက်တော့ဘူး။ ဒါတွေကတဆင့်သူတို့အချက်အလက်တွေကို အလွယ်တကူရှာနေတယ်လို့ သူတို့က မြင်တာပါ။ ဒါကြောင့် ယခုလို့ ကန့်သတ်လိုက်တာပါ”ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ Japan Fund For Poverty Reduction နှင့် From the People of Japan စသည့်အဖွဲ့အစည်းများ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့သည် MyCo ဟုခေါ်သည် အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ်ကို ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုစနစ်သည် ကုမ္ပဏီများ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

“၁၀နှစ်ကြာတည်ဆောက်ခဲ့တဲ့ လုပ်ငန်းတွေကို စစ်အုပ်စုက တချိန်တိုလေးတွင်းမှာ ဖျက်ဆီးနေတာ။ ဒါစနစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေအဆင်ပြေခဲ့တာလေ။ အခုတော့စစ်တပ်ကြီးက အားလုံးကို ခေတ်နောက်ပြန်ဆွဲချသွားတာပါပဲ”ဟု စီးပွားရေးအကြံပေးကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာတစ်ဦးက ပြောသည်။

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။

နိုင်ငံတော်အာဏာကို စစ်တပ်က လုယူပြီးနောက် နိုင်ငံတကာက စစ်အုပ်စုနှင့် ၎င်းတို့ကို ထောက်ပံ့နေသည့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူနေချိန်တွင် စစ်ကောင်စီက အဆိုပါ အချက်အလက်များ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။