Connect with us

Hi, what are you looking for?

News

ရမည်းသင်းက MABဘဏ်ကိုဓားပြတိုက်ခံရ

ဘဏ်ထဲကို အမျိုးသား ၂ဦးဝင်လာပြီး ဝန်ထမ်းတွေကို သေနတ်နဲ့ခြိမ်းခြောက်ကာ ငွေတွေလုယက်သွားတာပါ။

People's Spring
People's Spring

မန္တလေးတိုင်း ရမည်းသင်းမြို့ပေါ်က မြန်မာ့ရှေ့ဆောင်ဘဏ် MABဘဏ်ကို ဒီနေ့ နေ့လယ်ပိုင်း ၁ နာရီလောက်မှာ ဓားပြတိုက်သွားတယ်လို့သိရပါတယ်။

ဘဏ်ထဲကို အမျိုးသား ၂ဦးဝင်လာပြီး ဝန်ထမ်းတွေကို သေနတ်နဲ့ခြိမ်းခြောက်ကာ ငွေတွေလုယက်သွားတာပါ။

“ဘဏ်ကတော့မြို့ထဲမှာပဲ၊ မျက်မြင်တွေတာမျိုးတော့မဟုတ်ပေမယ့် ဘဏ်ကို ဆိုင်ကယ်နဲ့လူနှစ်ဦးက ဓားပြတိုက်သွားလို့ မြို့ထဲကပြန်လာသူကပြောတာ၊အခုတော့ စစ်တပ်က စစ်ဆေးနေတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေနတ်ပြခြိမ်းခြောက်ငွေယူဆောင်သူတွေကို ဖမ်းဆီးရမိခြင်းမရှိပေမယ့် စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်နဲ့ မိုင်(၉၀) ဝန်းကျင်လောက်ပဲဝေးတဲ့မိတ္ထီလာမြို့ဟာစစ်ကောင်စီထောက်ခံသူတွေများလွန်းလို့အစိမ်းရောင်လွင်ပြင်လို့တောင် တင်စားခံရတဲ့ဒေသတခုပါ။ ဒါ့အပြင် မိတ္ထီလာမြို့ဟာ လေတပ်စခန်း ဌာနချုပ်၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် စတဲ့ စစ်တပ်စခန်းတွေရှိတာကြောင့် တပ်မြို့တော်လိုဖြစ်နေပြီး လုံခြုံရေးတင်းကျပ်တဲ့မြို့တမြို့ပါ။ အဲဒီလိုစစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ မြို့တမြို့မှာ ပြည်သူတွေ တကယ်ကော လုံခြုံပါရဲ့လား။ ကျနော်တို့ ဆက်ကြည့်ကြရအောင်ပါ။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတွေကို ဓါးပြဝင်တိုက်တာ၊ မြို့ပေါ်နေအိမ်တွေကို ဝင်ရောက်ခိုးယူတာတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၀ကျော်ရှိနေပြီး ထပ်တိုးလာဖွယ်ရှိသည်ဟု အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။