Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်လို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

ကားမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်နေစဥ် ဓာတ်ပုံ - CJ

ဒီဇင်ဘာ ၂၃၊ ၂၀၂၅။ မေရီ/People’s Spring

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီကျော်က ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်းရွာ၊ ကြက်ရှာလမ်းခွဲအနီးမှာ ဆီပုံးတွေနဲ့ ကုန်တွေတင်လာတဲ့ကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိခဲ့ကြောင်း၊ အဲဒီလို ဝင်တိုက်မိရာကနေ ဆီပုံးတွေပေါက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်က ဇနီးမောင်နှံနဲ့ ကားပေါ်က အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“ ရှေ့ကကားကို နောက်ကဆိုင်ကယ်သမားက ဝင်တိုက်တာ။ ကားမှာဆီပုံးတွေရော ကုန်အပြည့်နဲ့ဆီပုံးတွေပြုတ်ကျပြီး ကားကမီးအရင်လောင်တာ။ ချောင်းထဲကျတဲ့တစ်ယောက်က မနေ့က ညနေကမှ ဆုံးသွားပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားဟာ အလှူခံဌာနကို အလှူငွေထည့်ဖို့ ရပ်ရာကနေ နောက်ကဆိုင်ကယ်က ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆိုင်ကယ်ပေါ်က လင်မယားအနက် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ဆောင်သည်ဖြစ်ပြီး ရမည်းသင်းမြို့ ရွာတန်းအုတ်ဖိုအနောက်ရွာမှာ နေထိုင်ကာ ရွှေမြင်တင်ဘုရားပွဲသွားရာကနေ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ဖြစ်ချင်း ဘေးက ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပေမဲ့ အခြားအကူအညီတွေ ချက်ချင်းရောက်မလာနိုင်ကြတာကြောင့် ဆုံးရှုံးမှူကြီးမားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၀ကျော်ရှိနေပြီး ထပ်တိုးလာဖွယ်ရှိသည်ဟု အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာရှိ ဘုန်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် ကလေးငယ် ၁၂ဦး အလောင်းတွေ့ရှိထားပြီး ကယ်ဆယ်ရန် ကျေးရွာများကျန်ရှိနေသေးကြောင်း လူမှုကူညီရေးအဖွဲ့အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ရမည်းသင်းရေဘေးလှူဒါန်းပြီး ပြန်လာသည့်သံဃာတော်များ၏ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ သံဃာတော်များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် ရေကြီးမှုဖြစ်စဉ်အတွင်း အမွှာညီအကိုနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။