Connect with us

Hi, what are you looking for?

News

ဘားအံမှာ စစ်ကောင်စီက လိုင်စင်မဲ့ကားတွေဆက်တိုက်ဖမ်းနေလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအခက်ကြုံ

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမယ်ဆိုတဲ့အကြောင်း အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဆက်တိုက်ဖမ်းဆီးမှုနေတာကြောင့် လိုင်စင်မဲ့ယာဉ်တွေကိုအသုံးပြုပြီး လူနာတွေကို လိုက်လံပို့ဆောင်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တချို့ နားလိုက်ပြီလို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမယ်ဆိုတဲ့အကြောင်း အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဟာ နေ့စဉ် ဘားအံမြို့အဝင်အထွက်နေရာတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လူနာတွေကိုလိုက်လံပို့ဆောင်မယ့် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ကားကို ဘားအံမြို့ သံလွင်တံတားဂိတ် တာဝန်ရှိသူတွေက ဖြတ်သန်းမောင်းနှင်ခွင့်မပြုခဲ့တာတွေလည်း ရှိနေတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ သံလွင်တံတားမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖြတ်သန်းသွားလာပါက ဖမ်းဆီးသွားမှာဖြစ်တဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးသွားမှာဖြစ်တယ်လို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တွေ့ဆုံရာမှာ ပြောကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် အခြားလူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း လိုင်စင်မဲ့ယာဉ်တွေကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှုတွေလုပ်ဆောင်နေတဲ့အတွက် လူနာပို့ဆောင်ကူညီမှုတွေကို ရပ်နားထားပါမယ်လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ရက်က ဘားအံမြို့ တောပုံကျေးရွာလမ်းဆုံ၊ နောင်လုံတံတား၊ ကော့ကျိုက်လမ်းဆုံနဲ့ ဇာသပြင်လမ်းဆုံဘက်တွေမှာ စစ်ကောင်စီအဖွဲ့က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီး တစ်နေ့ကို လိုင်စင်မဲ့ယာဉ်အစီး ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်