Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံမှာ စစ်ကောင်စီက လိုင်စင်မဲ့ကားတွေဆက်တိုက်ဖမ်းနေလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအခက်ကြုံ

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမယ်ဆိုတဲ့အကြောင်း အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဆက်တိုက်ဖမ်းဆီးမှုနေတာကြောင့် လိုင်စင်မဲ့ယာဉ်တွေကိုအသုံးပြုပြီး လူနာတွေကို လိုက်လံပို့ဆောင်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တချို့ နားလိုက်ပြီလို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမယ်ဆိုတဲ့အကြောင်း အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဟာ နေ့စဉ် ဘားအံမြို့အဝင်အထွက်နေရာတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လူနာတွေကိုလိုက်လံပို့ဆောင်မယ့် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ကားကို ဘားအံမြို့ သံလွင်တံတားဂိတ် တာဝန်ရှိသူတွေက ဖြတ်သန်းမောင်းနှင်ခွင့်မပြုခဲ့တာတွေလည်း ရှိနေတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ သံလွင်တံတားမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖြတ်သန်းသွားလာပါက ဖမ်းဆီးသွားမှာဖြစ်တဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးသွားမှာဖြစ်တယ်လို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တွေ့ဆုံရာမှာ ပြောကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် အခြားလူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း လိုင်စင်မဲ့ယာဉ်တွေကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှုတွေလုပ်ဆောင်နေတဲ့အတွက် လူနာပို့ဆောင်ကူညီမှုတွေကို ရပ်နားထားပါမယ်လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ရက်က ဘားအံမြို့ တောပုံကျေးရွာလမ်းဆုံ၊ နောင်လုံတံတား၊ ကော့ကျိုက်လမ်းဆုံနဲ့ ဇာသပြင်လမ်းဆုံဘက်တွေမှာ စစ်ကောင်စီအဖွဲ့က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီး တစ်နေ့ကို လိုင်စင်မဲ့ယာဉ်အစီး ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။