Connect with us

Hi, what are you looking for?

News

အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် မတ္တရာတွင် ပြုလုပ်

“အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပေါ့။ အမျိုးသားနေ့ကို ကြိုဆိုတယ် စစ်အာ ဏာရှင်ကို ဆန့်ကျင်တာပေါ့”ဟု သပိတ်ဦးဆောင်သူ တစ်ဦးက ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (နိုဝင်ဘာ ၂၇ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

“အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပေါ့။ အမျိုးသားနေ့ကို ကြိုဆိုတယ် စစ်အာ ဏာရှင်ကို ဆန့်ကျင်တာပေါ့”ဟု သပိတ်ဦးဆောင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို လုံခြုံရေးအခြေအနေအရ မတ္တရာမြို့နယ် ကျေးလက်ဒေသ တစ်နေရာ၌ ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးကာလ၌ ကျဆုံးခဲ့သည့် သူရဲကောင်းများအား အလေးပြုကာ မတရားဖမ်းဆီးခံထားရသည့် ရဟန်းရှင်လူပြည်သူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။

“ အခု ဒီလှုပ်ရှားမှုတွေလုပ်တဲ့အခါ ဘာအခက်အခဲရှိလဲဆိုတော့ လှုပ်ရှားပြီးရင် ကျွန်တော်တို့ ပုန်းရတာပေါ့။” ဟု ဆန္ဒပြပွဲ ဦးဆောင်သူက ပြောသည်။ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရာဒေသရှိ ဒေသခံများကို စစ်ကောင်စီက ပစ်မှတ်ထား အကြမ်းဖက်ခြင်းမဖြစ်စေရန်အတွက် ကျေးရွာများနှင့် အနည်းငယ်ဝေးသည့် တောတောင်များ၊ ယာခင်းများ၌ ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး၊ စစ်အာဏာရှင်ကျရှုံးရေး၊ အကြမ်းဖက် လူသတ်စစ်ကောင်စီ အလိုမရှိကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ပြီး ဖမ်းဆီးထားသည့် ခေါင်းဆောင်များ၊ ပြည်သူများ၊ ကျောင်းသားများ၊ ဝန်ထမ်းများ၊အနုပညာရှင်များ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

စစ်ကျွန်ပညာရေးစနစ်၊ သွေးစွန်းပညာရေးစနစ် အလိုမရှိကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook