Connect with us

Hi, what are you looking for?

LuduNwayOo

News

အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် မတ္တရာတွင် ပြုလုပ်

“အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပေါ့။ အမျိုးသားနေ့ကို ကြိုဆိုတယ် စစ်အာ ဏာရှင်ကို ဆန့်ကျင်တာပေါ့”ဟု သပိတ်ဦးဆောင်သူ တစ်ဦးက ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (နိုဝင်ဘာ ၂၇ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

“အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပေါ့။ အမျိုးသားနေ့ကို ကြိုဆိုတယ် စစ်အာ ဏာရှင်ကို ဆန့်ကျင်တာပေါ့”ဟု သပိတ်ဦးဆောင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို လုံခြုံရေးအခြေအနေအရ မတ္တရာမြို့နယ် ကျေးလက်ဒေသ တစ်နေရာ၌ ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးကာလ၌ ကျဆုံးခဲ့သည့် သူရဲကောင်းများအား အလေးပြုကာ မတရားဖမ်းဆီးခံထားရသည့် ရဟန်းရှင်လူပြည်သူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။

“ အခု ဒီလှုပ်ရှားမှုတွေလုပ်တဲ့အခါ ဘာအခက်အခဲရှိလဲဆိုတော့ လှုပ်ရှားပြီးရင် ကျွန်တော်တို့ ပုန်းရတာပေါ့။” ဟု ဆန္ဒပြပွဲ ဦးဆောင်သူက ပြောသည်။ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရာဒေသရှိ ဒေသခံများကို စစ်ကောင်စီက ပစ်မှတ်ထား အကြမ်းဖက်ခြင်းမဖြစ်စေရန်အတွက် ကျေးရွာများနှင့် အနည်းငယ်ဝေးသည့် တောတောင်များ၊ ယာခင်းများ၌ ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး၊ စစ်အာဏာရှင်ကျရှုံးရေး၊ အကြမ်းဖက် လူသတ်စစ်ကောင်စီ အလိုမရှိကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ပြီး ဖမ်းဆီးထားသည့် ခေါင်းဆောင်များ၊ ပြည်သူများ၊ ကျောင်းသားများ၊ ဝန်ထမ်းများ၊အနုပညာရှင်များ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

စစ်ကျွန်ပညာရေးစနစ်၊ သွေးစွန်းပညာရေးစနစ် အလိုမရှိကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ခြောက်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့​သည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားများအား စစ်ကားနှစ်စီးဖြင့်လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၉ ရက်ကလည်း စဉ့်ကူးမြို့နယ် သဲအင်းရွာ၊ကြက်တူရွေးရွာ၊မြစ်ကမ်းကြီးရွာနှင့် ဟင်္သာမရွာတို့မှ နေအိမ် ၆ဝ ခန့် မီးရှို့ဖျက်ဆီးခဲ့သေးသည်။