Connect with us

Hi, what are you looking for?

News

ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် ယနေ့နံနက်တွင် ကွယ်လွန်

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာအောင်ရှင်အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင် အခြားအကျဉ်းသားများနှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခဲ့သည်။

-လွတ်​မြောက်လာပြီး တစ်လအကြာတွင် ကွယ်လွန်ခြင်းဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ကဗျာဆရာမုံရွာအောင်ရှင်သည် ယနေ့(နိုဝင်ဘာ၂၈ရက်))နံနက် ၆နာရီခန့်တွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သူများက အတည်ပြုသည်။

မုံရွာအောင်ရှင်သည် ယခင်က ပန်းနာရင်ကြပ်ရောဂါခံစားနေရသော်လည်း ယခုသေဆုံးရခြင်းမှာ နှလုံးသွေးကြောပိတ်သည့်ရောဂါကြောင့် နှလုံးရပ်သေဆုံးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာအောင်ရှင်အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင် အခြားအကျဉ်းသားများနှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် လွတ်​မြောက်လာပြီး တစ်လအကြာတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ထိန်းသိမ်းထားရာမှ လွတ်မြောက်လာပြီးနောက် မိသားစုနှင့်အတူ တာမွေမြို့နယ်ရှိနေအိမ်၌အတူနေထိုင်ကာ ဆေးကုသမှုခံယူခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကပင် သက်သာလာသည်ဆိုကာ ဆေးရုံမှပြန်ဆင်းလာခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

NLD ပါတီ၏ ဗဟိုပြန်ကြားရေးတာဝန်ခံလည်းဖြစ် ပါတီမှထုတ်ဝေသည့် ဒီလှိုင်းစာစောင်၏ အယ်ဒီတာချုပ်တစ်ဦးလည်းဖြစ်သည့်မုံရွာအောင်ရှင်သည် ကွယ်လွန်ချိန်၌ အသက် (၇၆)နှစ်ရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။