Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပွက်ပွက်ဆူတဲ့ ရေနွေး သောက်ရလို့ ကွယ်လွန်ခဲ့တဲ့ ကလေးငယ်က မသေခင်မှာ ခိုင်းစေသူကို ဖော်ထုတ်သွား

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

အသက် ၁၂ နှစ်သာ ရှိသေးတဲ့ နီဇမ် ဆိုင်ယာဖီဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့တုန်းက အနောက်ဂျာဗားမှာရှိတဲ့ ဆေးရုံကို အရေးပေါ် အခြေအနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။ သူ့ပါးစပ် တဝိုက်မှာ အပူလောင်ဒဏ်ရာတွေ ရှိနေခဲ့တဲ့အပြင် ကိုယ်ထိလက်ရောက် နှိပ်စက်ခံထားရတဲ့ တခြားဒဏ်ရာတွေကိုပါ ဆရာဝန်တွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် ဆရာဝန်တွေက နီဇမ်ရဲ့ အစာရေမျိုဟာ လုံးဝ ပျက်စီးနေပြီဖြစ်တယ် ဆိုတာကို စိတ်မချမ်းသာစရာ တွေ့မြင်ခဲ့ရပါတယ်။ သူဟာ ဆူပွက်နေတဲ့ ရေနွေးကိုသောက်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရပြီး ဘယ်သူ့လက်ချက်လဲလို့ တာဝန်ရှိသူတွေက မေးမြန်းခဲ့ပါတယ်။

အဲဒီအခါ နီဇမ်က ‘မာမီ’လို့ တစ်ခွန်းဖြေပြီး မိထွေးဖြစ်သူကို လက်ညှိုးထိုးပြခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူဟာ ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ဖခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် အန်ဝါ ဆာတီဘီက သူ့ဇနီးဟာ သားဖြစ်သူကို ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်လို့ ၂၀၂၅ ခုနှစ်မှာ ရဲတိုင်ခဲ့ဖူးကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဇနီးဖြစ်သူက ငိုယို တောင်းပန်ပြီး ပြုပြင်ပါ့မယ်လို့ ကတိပြုခဲ့တဲ့အတွက် တိုင်ချက်ကို ရုပ်သိမ်းပေးခဲ့ကြောင်း အန်ဝါက ဆိုပါတယ်။

ဇနီးဖြစ်သူ ရဲ့မွေးစားသား နှစ်ဦးနဲ့ နီဇမ်တို့ စကားများရန်ဖြစ်ရင်လည်း နီဇမ်သာ အရိုက်ခံရပြီး မွေးစားသားနှစ်ဦးကတော့ ဘယ်တော့မှ အရိုက်မခံရဘူးလို့ နီဇမ်ရဲ့ အဖေက ဆိုထားပါတယ်။

အခင်းဖြစ်တဲ့ ညတုန်းက သူဟာ အလုပ်လုပ်နေခဲ့ပေမယ့် နီဇမ် နေမကောင်းလို့ ပြန်လာကြည့်ပေးဖို့ ဇနီးက ဖုန်းဆက်ပြောခဲ့ကြောင်း အန်ဝါက ရဲတွေဆီ ထွက်ဆိုပါတယ်။ အိမ်ပြန်ရောက်တော့ နီဇမ်ဟာ ဖျားနေတာ မဟုတ်ဘဲ ရေနွေးပူလောင်ထားတဲ့ ဒဏ်ရာတွေနဲ့ မချိမဆန့် ဖြစ်နေတာကို အန်ဝါက တွေ့ရှိခဲ့ပါတယ်။ အဲဒါတောင်မှ ဇနီးဖြစ်သူက အဖျားကြီးလို့ သဘာဝအတိုင်း ဖြစ်လာတဲ့ လက္ခဏာတွေလို့ ငြင်းခဲ့ပါသေးတယ်။

နီဇမ် သေဆုံးခဲ့တဲ့နောက် သူ့ကို အတင်းအကျပ် သောက်ခိုင်းခဲ့တဲ့ ရေနွေးရဲ့ အပူချိန်နဲ့ သူဖြတ်သန်းခဲ့ရတဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေရဲ့ အကြောင်းကို သိရှိနိုင်ဖို့၊ သေမှုသေခင်းအကြောင်း ပိုမိုနားလည်နိုင်ဖို့ ရင်ခွဲစစ်ဆေးထားပါတယ်။ ရဲတွေက ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေပြီး ဆေးစစ်ချက် ရလဒ်တွေကို စောင့်ဆိုင်းနေကြောင်းလည်း ပြောကြားသွားပါတယ်။

ဒေသခံ သတင်းဌာနတွေက စွပ်စွဲခံရတဲ့ အမျိုးသမီးရဲ့ နာမည်နဲ့ သူ့ကို ဘယ်လို အရေးယူထားသလဲ ဆိုတာတွေကိုတော့ ဖော်ပြမထားခဲ့ပါဘူး။ လူမှုကွန်ရက်ပေါ်မှာတော့ အဲဒီအမျိုးသမီးဟာ နီဇမ် သေဆုံးပြီး မကြာခင်မှာ တောင်းပန်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Nightly

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်က အလွတ်စာသင်ကျောင်း (ကျူရှင်)တစ်ခုမှာ အမိုးပြိုကျမှု ဖြစ်ပွားပြီး ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။