Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အာရှ-ဥရောပနိုင်ငံ့ခေါင်းဆောင်တွေ တိုက်တွန်း

“ခေါင်းဆောင်တွေက မြန်မာနိုင်ငံအခြေအနေအပေါ် လွန်စွာစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ ပြီး ပဋိပက္ခလျော့ကျရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ခိုင်ခိုင်မာမာ ထောက်ခံမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်” လို့ ASEM အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

– မင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့် ထပ်မံပိတ်ပင်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာရှနဲ့ ဥရောပ နိုင်ငံပေါင်း ၅၀ ကျော်က ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

အာရှ-ဥရောပအစည်းအဝေး(ASEM)ကို ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ်အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဘဲ အစည်းအဝေးအပြီးထုတ်ပြန်ချက်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

အာရှနဲ့ဥရောပက နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပအစည်း အဝေး(ASEM) အပြီး ထုတ်ပြန်ချက်မှာ အာဏာသိမ်းမှုက ရပ်တန့်လိုက်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆီပြန်သွားရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံရေးစတဲ့အချက်တွေကို တောင်းဆိုဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ခေါင်းဆောင်တွေက မြန်မာနိုင်ငံအခြေအနေအပေါ် လွန်စွာစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ ပြီး ပဋိပက္ခလျော့ကျရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ခိုင်ခိုင်မာမာ ထောက်ခံမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်” လို့ ASEM အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံပါဝင်တဲ့ အစည်းအဝေးတွေ ကနေ ၃ ကြိမ်မြောက် ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံအထူးအစည်းအဝေးနဲ့ အခု အာရှ-ဥရောပအစည်းအဝေးတို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ဥရောပ နိုင်ငံတွေအတွက် နည်းပညာမြင့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်စီး ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြင်သစ်နဲ့ ဂျာမနီတို့က ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

သတင်း

မင်းအောင်လှိုင်ကိုဧည့်ခံကြိုဆိုတဲ့အိန္ဒိယအစိုးရနိုင်ငံတကာမှာဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ဟု ထုတ်ပြန်