Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အာရှ-ဥရောပနိုင်ငံ့ခေါင်းဆောင်တွေ တိုက်တွန်း

“ခေါင်းဆောင်တွေက မြန်မာနိုင်ငံအခြေအနေအပေါ် လွန်စွာစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ ပြီး ပဋိပက္ခလျော့ကျရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ခိုင်ခိုင်မာမာ ထောက်ခံမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်” လို့ ASEM အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

– မင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့် ထပ်မံပိတ်ပင်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာရှနဲ့ ဥရောပ နိုင်ငံပေါင်း ၅၀ ကျော်က ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

အာရှ-ဥရောပအစည်းအဝေး(ASEM)ကို ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ်အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဘဲ အစည်းအဝေးအပြီးထုတ်ပြန်ချက်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

အာရှနဲ့ဥရောပက နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပအစည်း အဝေး(ASEM) အပြီး ထုတ်ပြန်ချက်မှာ အာဏာသိမ်းမှုက ရပ်တန့်လိုက်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆီပြန်သွားရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံရေးစတဲ့အချက်တွေကို တောင်းဆိုဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ခေါင်းဆောင်တွေက မြန်မာနိုင်ငံအခြေအနေအပေါ် လွန်စွာစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ ပြီး ပဋိပက္ခလျော့ကျရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ခိုင်ခိုင်မာမာ ထောက်ခံမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်” လို့ ASEM အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံပါဝင်တဲ့ အစည်းအဝေးတွေ ကနေ ၃ ကြိမ်မြောက် ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံအထူးအစည်းအဝေးနဲ့ အခု အာရှ-ဥရောပအစည်းအဝေးတို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

သတင်း

အကူအညီအလိုအပ်ဆုံးဖြစ်သည့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ရန်လိုအပ်သည့်အတွက် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု သံရုံးက ထုတ်ပြန်သည်။