Connect with us

Hi, what are you looking for?

News

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီနေ့အမိန့်မချဖြစ်၊ ဒီဇင်ဘာလ ၆ ရက်ကိုရွှေ့ဆိုင်း

ဖမ်းဆီး ထိန်းသိမ်းခံရချိန်မှာ ထွက်လာတဲ့ဒီကြေညာချက်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ၃ ဦးလုံးက တရားခွင်မှာချေပထားပါတယ်။

ဆူပူအောင်လှုံဆော်မှုနဲ့ တရားစွဲခံထားရတဲ့ သမ္မတဦးဝင်းမြင့် ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးတွဲအမှုကို ဒီနေ့မှာ အမိန့်မချဖြစ်ဘူးလို့သိရပါတယ်။

ထောင်ဒဏ် ၂ နှစ်ထိ ချလို့ရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ဒီအမှုကို ကနဦးက ဒီနေ့ နိုဝင်ဘာလ ၃၀ ရက်မှာ အမိန့်ချ ဖို့သတ်မှတ်ထားတာပါ။

ဒါပေမယ့် ဒီဇင်ဘာ ၆ ရက်နေ့ကို ရွှေ့လိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဒီအမှုဟာ ဖေဖော်ဝါရီလအတွင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက် ၂ စောင်ကိုအကြောင်းပြုပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ၂ စောင်ထုတ်ပြန်ရာမှာ အာဏာသိမ်းစစ်ကောင်စီနဲ့မဆက်ဆံဖို့ ၊ စစ်ကောင်စီထုတ်ပြန်တဲ့ ဥပဒေ ၊အမိန့် ညွှန်ကြားချက်တွေဟာ တရားမဝင်တဲ့အကြောင်း သံတမန်တွေ ၊ သံရုံးတွေ ၊နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းတဲ့အချက်တွေပါဝင်ပါတယ်။

ဖမ်းဆီး ထိန်းသိမ်းခံရချိန်မှာ ထွက်လာတဲ့ဒီကြေညာချက်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ၃ ဦးလုံးက တရားခွင်မှာချေပထားပါတယ်။

ဥပဒေအသိုင်းအဝိုင်းကလည်း ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ပတ်သက်မှုမရှိဘဲ စစ်ကောင်စီက လုပ်ကြံဖန်တီးတဲ့အမှုသာဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။

လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅ အမှုကို အမိန့်ချဖို့ရှိနေပါသေးတယ်။

အဲဒီအမှုဟာလည်း ရွေးကောက်ပွဲ မဲဆွယ်ယာဉ်တန်း ကို ထွက်နှုတ်ဆက်တဲ့အတွက် ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ စစ်ကောင်စီက တရားစွဲတာပါ။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် ပုဒ်မ ၁၁ ခုနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီပုဒ်မတွေအရ နှစ် ၈၀ လောက်ချဖို့ရည်ရွယ်ထားတာတွေ့ရပါတယ်။

သမ္မတ ဦးဝင်းမြင့်ကိုတော့ ဆူပူအောင်လှုံဆော်မှု ၊ ကိုဗစ်စည်းကမ်းချို့ဖောက်မှုတွေနဲ့ စွဲဆိုထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။