Connect with us

Hi, what are you looking for?

News

ချင်ချိုင့်ထန်စခန်း ဦးတည်ထိုးစစ်ဆင်လာ၍ ၁၀ရက်အတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ၉ကြိမ်ဖြစ်ဟု MNDAA ထုတ်ပြန်

ထို့အပြင် မုံးကိုးခရိုင် မာကြာရွာ၏ မြောက်ဘက် ကားလမ်း၌လည်း နိုဝင်ဘာ ၂၉ရက်မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး ဒဏ်ရာရခဲ့ကြောင်းဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မုံးကိုးဒေသရိ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)၏ ချင်ချိုင့်ထန် တပ်စခန်းကို ဦးတည်ပြီး အဆက်မပြတ်ထိုးစစ်ဆင် တိုက်ခိုက်လာ၍ အဆိုပါ ဒေသ၌ ၁၀ရက်အတွင်း တိုက်ပွဲ ၉ကြိမ်ဖြစ်ခဲ့ဟု MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် မုံးကိုးဒေသတွင် နိုဝင်ဘာ ၂၉ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေအနေများကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MNDAA နင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ သုံးလကျော်ကြာ တိုက်ပွဲများ နေ့စဉ်မပြတ်ဖြစ်ပွားခဲ့ရာ ယခု နိုဝင်ဘာလလယ် မတိုင်ခင်အထိ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် MNDAA ရှိရာ ဖောင်းဆိုင် ကျေးရွာ ၊ မန်ရန်ဒေသနှင့် ရှိကျိကျတောင်တန်းကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး မြေပြင်မှ လည်းထိုးစစ်ဆင်ခဲ့ကြောင်း၊ သို့ရာတွင် ယခုတစ်ပတ်အတွင်း၌ စစ်ကောင်စီတပ်က မန်ရန်တပ်စခန်းနင့် ရှိကျိကျတောင် တန်းဘက်သို့ တိုက်ခိုက်မှု လျော့နည်းလာပြီး MNDAA ၏ ချင်ချိုင့်ထန်တပ်စခန်း ကိုဦးတည်ပြီး ပြင်းထန်စွာ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၂၉ရက် နံနက်ပိုင်းတွင် ချင်ချိုင့်ထန်တောင်တန်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ တိုက်ပွဲသည် မွန်းလွဲ ၂နာရီခွဲအချိန်ထိ ကြာမြင့်ခဲ့ပြီး စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၂၀ရက်နောက်ပိုင်း၌ ချင်ချိုင်ထန် တောင်တန်း၌ တိုက်ပွဲ အကြီးအသေး ၉ကြိမ်ဖြစ်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မုံးကိုးခရိုင် မာကြာရွာ၏ မြောက်ဘက် ကားလမ်း၌လည်း နိုဝင်ဘာ ၂၉ရက်မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး ဒဏ်ရာရခဲ့ကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် MNDAA တပ်တည်ရှိရာ မန်ရန် တပ်စခန်းနှင့် ရှိကျိကျတောင်တန်းကိုလည်း လက်နက် ကြီးများ၊ စက်သေနတ်များဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MNDAAက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။