Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမယ့် နေ့မှာ မချဘဲ အဂတိပုဒ်မနဲ့ ထပ်တိုးတရားစွဲ

ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲထားတဲ့အမှုကို အမိန့်ချ ဖို့ ရှိပေမယ့် မချတော့ဘဲ ဒီဇင်ဘာ ၆ ရက်ကိုရွှေ့ဆိုင်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှု ၁၂ ထိဖြစ်လာ

ရဟတ်ယာဉ်ဌားစီးတာနဲ့ ရဟတ်ယာဉ်ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲလိုက်ပါတယ်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရဟတ်ယာဉ် တစ်စီးဌားရမ်းရာမှာ စာချုပ်မှာပါတဲ့ ပျံသန်းချိန်ထက် အသုံးပြုတဲ့ ပျံသန်းချိန်လျော့နည်းခဲ့တာကြောင့် နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ တရားစွဲတာပါ။

ဒါအပြင် နိုင်ငံတော် ပိုင်ရဟတ်ယာဉ်တစ်စီးဝယ်ရာမှာလည်း ဘဏ္ဍာရေးစည်းကမ်းမလိုက်တာတာ ၊ ရဟတ်ယာဉ်မရောက်သေးဘဲ ဝန်ဆောင်ခကို ကြိုပေးထားတာ ၊ သဘာဝဘေးအန္တရာယ်တွေမှာ သုံးဖို့ ဘဏ္ဍာငွေကို ထိရောက်စွာမသုံးဘဲ ရဟတ်ယာဉ်ဝယ်ဖို့ ပေးချေတာတွေကြောင့် နိုင်ငံဘဏ္ဍာ ဆုံးရှုံးရတယ်လို့ စစ်ကောင်စီဘက်ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီနေ့ မှာ နေပြည်တော် ၊ဘုရားကုန်း ရဲစခန်းမှာ အဂတိပုဒ်မ ၅၅ နဲ့တရားစွဲလိုက်တယ်လို့သိရပါတယ်။

ဒီပုဒ်မဟာ ထောင်ဒဏ် ၁၅ နှစ်ထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုတဲ့ပုဒ်မ ၁၂ ခုထိရှိလာပြီး ဒီပုဒ်မတွေအရ ပြစ်ဒဏ်စုစုပေါင်း ၁၀၀ နီးပါးချဖို့ စီစဉ်နေတာတွေ့ရပါတယ်။

ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲထားတဲ့အမှုကို အမိန့်ချ ဖို့ ရှိပေမယ့် မချတော့ဘဲ ဒီဇင်ဘာ ၆ ရက်ကိုရွှေ့ဆိုင်းလိုက်ပါတယ်။

ဒါပေမယ့် ဒီနေ့မှာတင်ပဲ ထောင်ဒဏ် ၁၅ နှစ်ချလို့ရတဲ့ ပုဒ်မ နဲ့ထပ်တိုးတရားစွဲလာတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။