Connect with us

Hi, what are you looking for?

News

ကုလမှာ မြန်မာစစ်ကောင်စီ ကိုယ်စားပြုခွင့်ရရှိနိုင်ဖွယ်မရှိ

ကော်မတီဟာ မြန်မာနဲ့ အာဖဂန်နစ္စတန်အတွက် ကိုယ်စားပြုခွင့်အတွက် ဆုံးဖြတ်ချက်ကို ရွှေ့ ဆိုင်းဖွယ်ရှိနေပြီး လက်ရှိကိုယ်စားလှယ်တွေကပဲ နိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ့် သဘောဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်လေးဦးက ရိုက်တာကို ပြောပါတယ်။

-သံအမတ်ကြီးဦးကျော်မိုးထွန်းပဲ ဆက်လက်ကိုယ်စားပြုခွင့်ရရှိနိုင်

ကုလသမဂ္ဂမှာ မြန်မာစစ်ကောင်စီ ဒါမှမဟုတ် အာဖဂန်နစ္စတန်ရဲ့ တာလီဘန်တို့ဟာ နိုင်ငံကိုယ်စားပြုမှုရရှိမှာမဟုတ်ဘူးလို့ သံတမန်တွေက ပြောပါတယ်။

ဒီနေ့(ဒီဇင်ဘာ ၁ ရက်)ကျင်းပတဲ့ ကုလသမဂ္ဂကော်မတီအစည်းအဝေးက အာဖဂန်နစ္စတန်ရဲ့ တာလီဘန် ဒါမှမဟုတ် မြန်မာစစ်ကောင်စီကို နိုင်ငံကိုယ်စားပြုခွင့်ပေးမှာမဟုတ်ကြောင်း သံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ရုရှား၊ တရုတ်နဲ့ အမေရိကန် အပါအဝင် အဖွဲ့ဝင် ၉ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအရည် အချင်းစစ်ကော်မတီဟာ အထွေထွေညီလာခံရဲ့ လက်ရှိအစည်း အဝေးတွေအတွက် အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ကိုယ်စားပြုခွင့်အရည်အချင်းကို ဆန်းစစ်ဖို့ ဌာနချုပ်နယူးယောက်မှာ တွေ့ဆုံဆွေးနွေး ကြမှာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကော်မတီဟာ မြန်မာနဲ့ အာဖဂန်နစ္စတန်အတွက် ကိုယ်စားပြုခွင့်အတွက် ဆုံးဖြတ်ချက်ကို ရွှေ့ ဆိုင်းဖွယ်ရှိနေပြီး လက်ရှိကိုယ်စားလှယ်တွေကပဲ နိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ့် သဘောဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်လေးဦးက ရိုက်တာကို ပြောပါတယ်။

ကုလသမဂ္ဂမှာ လက်ရှိမြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရရှိထားပြီး သူကပဲ လာမယ့်နှစ်အထိ နိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ့်အခြေအနေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

သတင်း

အာဏာသိမ်းပြီး ၅ နှစ် အကြာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားရေးရာ အကျပ်အတည်းတွေ ဆိုးသထက် ဆိုးလာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲ က သတိပေး ပြောကြားလိုက်ပါတယ်။