Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလမှာ မြန်မာစစ်ကောင်စီ ကိုယ်စားပြုခွင့်ရရှိနိုင်ဖွယ်မရှိ

ကော်မတီဟာ မြန်မာနဲ့ အာဖဂန်နစ္စတန်အတွက် ကိုယ်စားပြုခွင့်အတွက် ဆုံးဖြတ်ချက်ကို ရွှေ့ ဆိုင်းဖွယ်ရှိနေပြီး လက်ရှိကိုယ်စားလှယ်တွေကပဲ နိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ့် သဘောဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်လေးဦးက ရိုက်တာကို ပြောပါတယ်။

-သံအမတ်ကြီးဦးကျော်မိုးထွန်းပဲ ဆက်လက်ကိုယ်စားပြုခွင့်ရရှိနိုင်

ကုလသမဂ္ဂမှာ မြန်မာစစ်ကောင်စီ ဒါမှမဟုတ် အာဖဂန်နစ္စတန်ရဲ့ တာလီဘန်တို့ဟာ နိုင်ငံကိုယ်စားပြုမှုရရှိမှာမဟုတ်ဘူးလို့ သံတမန်တွေက ပြောပါတယ်။

ဒီနေ့(ဒီဇင်ဘာ ၁ ရက်)ကျင်းပတဲ့ ကုလသမဂ္ဂကော်မတီအစည်းအဝေးက အာဖဂန်နစ္စတန်ရဲ့ တာလီဘန် ဒါမှမဟုတ် မြန်မာစစ်ကောင်စီကို နိုင်ငံကိုယ်စားပြုခွင့်ပေးမှာမဟုတ်ကြောင်း သံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ရုရှား၊ တရုတ်နဲ့ အမေရိကန် အပါအဝင် အဖွဲ့ဝင် ၉ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအရည် အချင်းစစ်ကော်မတီဟာ အထွေထွေညီလာခံရဲ့ လက်ရှိအစည်း အဝေးတွေအတွက် အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ကိုယ်စားပြုခွင့်အရည်အချင်းကို ဆန်းစစ်ဖို့ ဌာနချုပ်နယူးယောက်မှာ တွေ့ဆုံဆွေးနွေး ကြမှာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကော်မတီဟာ မြန်မာနဲ့ အာဖဂန်နစ္စတန်အတွက် ကိုယ်စားပြုခွင့်အတွက် ဆုံးဖြတ်ချက်ကို ရွှေ့ ဆိုင်းဖွယ်ရှိနေပြီး လက်ရှိကိုယ်စားလှယ်တွေကပဲ နိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ့် သဘောဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်လေးဦးက ရိုက်တာကို ပြောပါတယ်။

ကုလသမဂ္ဂမှာ လက်ရှိမြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရရှိထားပြီး သူကပဲ လာမယ့်နှစ်အထိ နိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ့်အခြေအနေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ "Our Ambassador Our Voice" စာသားကိုင်စွဲကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။