ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၏ တပ်ရင်း(၁၉)သည် ၁၉ရက်အတွင်း RPG တစ်လက်ရရှိရေး ထောက်ပံ့ငွေဖိတ်ခေါ်မှုတွင် သတ်မှတ်ငွေပမာဏ ကျော်လွန်ရရှိခဲ့သည်ဟု ယနေ့ (ဒီဇင်ဘာ၁ရက်)တွင် ထုတ်ပြန်သည်။
၁၉ ရက်အတွင်း RPG တစ်လက်ရရှိရေး ဖိတ်ခေါ်မှုအစီအစဉ်ကို နိုဝင်ဘာ၁၀ရက်မှစ၍ နိုဝင်ဘာ ၂၉ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖိတ်ခေါ်မှု ကာလအတွင်း ပြည်တွင်း၊ပြည်ပမှ ပါဝင်လှူဒါန်းသူ၁၈၆ဦးရှိခဲ့ပြီး ငွေပမာဏ ၁၆၆သိန်းကျော် ရရှိခဲ့သည်။
မူလမျှော်မှန်းသည့် ပမာဏမှာ ကျပ်သိန်း၁၆၀ ဖြစ်သည့်အတွက် ယခုကဲ့သို့ ပိုမိုရရှိခဲ့သည့်အပေါ် ဂုဏ်ယူဝမ်းမြောက်သည်ဟု KNDF တပ်ရင်း (၁၉)က ဆိုသည်။

Public Service Announcement
တော်လှန်ရေးအတွက် ပြည်တွင်း၊ပြည်ပ မြန်မာနိုင်ငံသားများက ကျရာအခန်းကဏ္ဍမှ ပါဝင်နေသည်မှာလည်း ၎င်းတို့ကို စိတ်ဓာတ်ခွန်အားများစွာပေးနေသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။


















































