Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်္ဂလာစျေးမီးပွိုင့်ထိပ်ရှိ ယာဥ်ထိန်းရဲရုံး မီးရှို့ခံရ

မီးလောင်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်သူများက ပြောသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာစျေးမီးပွိုင့်ထိပ်ရှိ ယာဥ်ထိန်းရဲရုံးအား ယနေ့ (ဒီဇင်ဘာ ၂ ရက်) ညနေ ၆ နာရီခွဲခန့်က မီးရှို့ခံခဲ့ရကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“မီးပွိုင့်ထိပ်က ယာဥ်ထိန်းရဲရုံး မီးရှို့ခံရတယ်လို့ သိရတယ်။ ကျွန်တော်တို့က သွားကြည့်တော့ မီးကလောင်နေပြီ။ အနားက ကောင်လေးအချို့ကို ထိုင်ခိုင်းထားပြီး ဖမ်းထားတာ တွေ့ရတယ်။ ဘယ်သူရှို့မှန်းတော့ မသိရပါဘူး။ ရဲကား၊ စစ်ကား၊ မီးသတ်ကားတွေ အများကြီး ရောက်နေပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်သူများက ပြောသည်။