Connect with us

Hi, what are you looking for?

News

ကျေးရွာ​တွေ မီးရှို့ပြန်လာ​သည့် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး​သေ

အကြမ်းဖက်စစ်တပ် မီးရှို့သည့်ကျေးရွာများတွင် ရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ရှားတော စသည့် ကျေးရွာများပါဝင်သည်။

ကျေးရွာများကို မီးရှို့ပြန်လာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့ကြောင်း Ranger Kalay Defend Force က ထုတ်ပြန်သည်။

ယနေ့( ဒီဇင်ဘာ၃ရက်)နံနက်၈နာရီခွဲခန့်တွင် လယ်ခြားနှင့်ရှားတောကျေးရွာများအား မီးရှို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Ranger Kalay Defend Forceက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခြင်းဖြစ်သည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိပြီး သုံးဦးသေဆုံးခဲ့​ကြောင်းထုတ်ပြန်ထားသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သာများက အင်အား ၁၂၀ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ Ranger Kalay Defend Force၏ စခန်းကို သိမ်းရန် ချီတက်လာခဲ့သည်ဟုလည်း ဆိုသည်။ ထိုစစ်ကြောင်းများကို ဒလန်က လမ်းပြခဲ့သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် စစ်ကြောင်းများကို သတင်းအရ ဖောက်ခွဲတိုက်ခိုက်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်သားများက ဆုတ်ခွာခဲ့ပြီး တပ်သားတစ်ဦးမှ ဖမ်းမိရခြင်းမရှိဟုလည်း ​ဖော်ပြထားသည်။

နိုဝင်ဘာ စတုတ္ထပတ်ကတည်းပင် ကလေးမြို့နယ်တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့နေခြင်းဖြစ်သည်။

ဒီဇင်ဘာ၁ရက်ကလည်း ကလေးမြို့နယ် လည်ခြားကျေးရွာရှိ လူနေအိမ်၂၅လုံး၊ စပါးတိုက်များနှင့် ဆန်စက်တစ်လုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့သည်ဟု ဒေသခံများက ​ပြောသည်။ ထို့အပြင် မီးရှို့မခံရသည့်​နေအိမ်များနှင့် ဈေးဆိုင်များမှ အဖိုးတန်ပစ္စည်းများကို ခိုးယူသွားကြသည်ဟု ဒေသခံများက ​ပြောသည်။

အကြမ်းဖက်စစ်တပ် မီးရှို့သည့်ကျေးရွာများတွင် ရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ရှားတော စသည့် ကျေးရွာများပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။