Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျေးရွာ​တွေ မီးရှို့ပြန်လာ​သည့် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး​သေ

အကြမ်းဖက်စစ်တပ် မီးရှို့သည့်ကျေးရွာများတွင် ရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ရှားတော စသည့် ကျေးရွာများပါဝင်သည်။

ကျေးရွာများကို မီးရှို့ပြန်လာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့ကြောင်း Ranger Kalay Defend Force က ထုတ်ပြန်သည်။

ယနေ့( ဒီဇင်ဘာ၃ရက်)နံနက်၈နာရီခွဲခန့်တွင် လယ်ခြားနှင့်ရှားတောကျေးရွာများအား မီးရှို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Ranger Kalay Defend Forceက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခြင်းဖြစ်သည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိပြီး သုံးဦးသေဆုံးခဲ့​ကြောင်းထုတ်ပြန်ထားသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သာများက အင်အား ၁၂၀ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ Ranger Kalay Defend Force၏ စခန်းကို သိမ်းရန် ချီတက်လာခဲ့သည်ဟုလည်း ဆိုသည်။ ထိုစစ်ကြောင်းများကို ဒလန်က လမ်းပြခဲ့သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် စစ်ကြောင်းများကို သတင်းအရ ဖောက်ခွဲတိုက်ခိုက်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်သားများက ဆုတ်ခွာခဲ့ပြီး တပ်သားတစ်ဦးမှ ဖမ်းမိရခြင်းမရှိဟုလည်း ​ဖော်ပြထားသည်။

နိုဝင်ဘာ စတုတ္ထပတ်ကတည်းပင် ကလေးမြို့နယ်တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့နေခြင်းဖြစ်သည်။

ဒီဇင်ဘာ၁ရက်ကလည်း ကလေးမြို့နယ် လည်ခြားကျေးရွာရှိ လူနေအိမ်၂၅လုံး၊ စပါးတိုက်များနှင့် ဆန်စက်တစ်လုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့သည်ဟု ဒေသခံများက ​ပြောသည်။ ထို့အပြင် မီးရှို့မခံရသည့်​နေအိမ်များနှင့် ဈေးဆိုင်များမှ အဖိုးတန်ပစ္စည်းများကို ခိုးယူသွားကြသည်ဟု ဒေသခံများက ​ပြောသည်။

အကြမ်းဖက်စစ်တပ် မီးရှို့သည့်ကျေးရွာများတွင် ရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ရှားတော စသည့် ကျေးရွာများပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

သတင်း

ကျားဖြူ စစ်ကြောင်းက ဒီမနက် ထုတ်ပြလာတဲ့ ရုပ်သံဖိုင်ထဲမှာ နေအိမ်တစ်လုံးပေါ်မှာ အင်ဂျင်ဝိုင် ပုံးတွေ ၊ သစ်ရွက်ခြောက်တွေ နဲ့ တာယာကွင်းတွေ စုပုံထားတာကိုတွေ့ရပါတယ်။

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။