Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိဟောင်းနဲ့ ယာဉ်မောင်းကို စစ်ဆေး

ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်း၊ ဒေါ်လာတွေနဲ့အတူ မိုင်းဘုန်းဆရာတော်က ပေးတဲ့ ဘုရားဆင်းတုကိုပါ ပေးခဲ့တယ်လို့ ပါရှိထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့စွဲဆိုထားတဲ့အမှုအတွက် ဒီနေ့မှာ ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိဟောင်းအပါအဝင် သက်သေ ၃ ဦးကို စစ်ဆေးခဲ့ပါတယ်။

ဒီအမှုဟာ ရွှေချောင်းနဲ့ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့ရတယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်ကြောင့် စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

ဒီအမှုအတွက်ဒီနေ့မှာ ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိဟောင်း ဦးမောင်မောင်ကြည် ၊ ယာဉ်မောင်း ဦးဖြိုးကိုကို နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်အကူ ဒေါ်ဝေဝေသန်း တို့ကို စစ်ဆေးခဲ့တာပါ။

အိမ်အကူဒေါ်ဝေဝေသန်းကို ဘုရားဆင်းတုနဲ့ပတ်သက်ပြီး စစ်ဆေးတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်း၊ ဒေါ်လာတွေနဲ့အတူ မိုင်းဘုန်းဆရာတော်က ပေးတဲ့ ဘုရားဆင်းတုကိုပါ ပေးခဲ့တယ်လို့ ပါရှိထားတာပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်အကူ ဒေါ်ဝေဝေသန်းကို ဘုရားဆင်းတုအတွက် စစ်ဆေးရာမှာ ဆင်းတုနဲ့ပတ်သက်ပြီး ထွက်ဆိုတာမရှိဘူးလို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကို စွပ်စွဲချက်တွေဟာအခြေအမြစ်မရှိဘူးလို့ပြောဆိုထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။