Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်ထဲက ရွာအချို့ကို စစ်ကောင်စီတပ်ဝင်မွှေလို့ ရွာလုံးကျွတ်အလိုက်တိမ်းရှောင်နေရ

ဒီနေ့မနက်ပိုင်းက ရုံးပင်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်လာပြီး ဖမ်းဆီးတာတွေလုပ်ခဲ့တာလို့ အဲဒီရွာက ဒေသခံတစ်ဦးကပြောပါတယ်။

မတ္တရာမြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေမွှေနှောက်ပြီး လိုက်လံဖမ်းဆီးတာတွေလုပ်နေလို့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့မနက်ပိုင်းက ရုံးပင်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်လာပြီး ဖမ်းဆီးတာတွေလုပ်ခဲ့တာလို့ အဲဒီရွာက ဒေသခံတစ်ဦးကပြောပါတယ်။

“သဖန်းကိုင်းဘက်မှာတော့ သူတို့ကတပ်စွဲထားတာ၊ ဒီနေ့ရွာထဲကိုဝင်လာပြီး ကလေးတွေကော ကလေးအမေတွေပါ ဖမ်းပြီး စာသင်ကျောင်းမှာထားထားတာ၊ ရွာလုံးကျွတ်နီးပါးကတော့ လွတ်ရာတောထဲကိုရှောင်နေရတယ်”လို့အဲဒီရုံးပင်ကျေးရွာသားကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်ထဲရှိ ကျေးရွာတွေမှာ PDFတွေလာရောက် နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာထဲရှိ ပြည်သူတွေကိုဖမ်းဆီး နှိပ်စက်တာ၊ ကြက် ၊ဝက် ၊နွားတွေကို ယူဆောင်သွားတာတွေလုပ်နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။