Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံတွင် ၁၃ နှစ်ကျော်ကြာ ပိတ်​လှောင်ပြီး အဓမ္မအလုပ်စေခိုင်းခံရတဲ့ မြန်မာအမျိုးသမီးကို ကယ်ထုတ်နိုင်

အသက် ၂၆ နှစ်အရွယ် အဲဒီမြန်မာအမျိုးသမီးကို ဘန်ကောက်မြို့ရဲ့ Suan Luang ခရိုင်၊ Pakamas အိမ်ရာရဲ့ ၁၁လမ်းရှိ ​နေအိမ်တစ်လုံးမှာ ဖမ်းဆီးထိန်းသိမ်းကာ အဓမ္မအလုပ်စေခိုင်းခံရတာဖြစ်ပါတယ်။

ထိုင်းနိုက်ငံတွင် ၁၃ နှစ်ကျော်ကြာ အဓမ္မအလုပ်စေခိုင်းခံရကာ ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို နေအိမ်တစ်လုံးကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)ညွှန် ကြားရေးမှူး Trairit Temahiwong က ဒီဇင်ဘာ ၅ ရက်မှာ ပြောကြားပါတယ်။

အဲဒီမြန်မာအမျိုးသမီးရဲ့ဖြစ်စဉ်ကို အလုပ်သမားကာကွယ်ရေးကွန်ရက်(LPN)က DSI ကို တိုင်ကြားပြီးနောက် ဒီဇင်ဘာ ၄ ရက်က လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ Dr Trairit က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် အဲဒီမြန်မာအမျိုးသမီးကို ဘန်ကောက်မြို့ရဲ့ Suan Luang ခရိုင်၊ Pakamas အိမ်ရာရဲ့ ၁၁လမ်းရှိ ​နေအိမ်တစ်လုံးမှာ ဖမ်းဆီးထိန်းသိမ်းကာ အဓမ္မအလုပ်စေခိုင်းခံရတာဖြစ်ပါတယ်။

DSI ရဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရုံးက တာဝန်ရှိသူတွေအဖွဲ့ အဲဒီအိမ်ကို သွားရောက်ခဲ့ပြီး မြန်မာအမျိုးသမီးကို ကယ်ထုတ်ခဲ့ပြီး မြန်မာအမျိုးသမီးဟာ မောပန်းကြောက်ရွံ့နေခဲ့တယ်လို့ Dr Trairit က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာအမျိုးသမီးဟာ အဲဒီအိမ်ကနေချက်ချင်းခေါ်ထုတ်သွားဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ Dr Trairit က ဆက်ပြောပါတယ်။

“ထိုင်းမှာက အဲလိုဖြစ်ရပ်​တွေ ရှိတယ်။ အခုဖြစ်စဥ်လည်း အဖွဲ့အစည်းတစ်ခုက ကျွန်​တော်တို့ဆီတိုင်ကြားလာ​တော့ DSIနဲ့ အတူ ကယ်ထုတ်နိုင်ခဲ့တာပါ”လို့ LPNမှ ကိုနိုင်နိုင်က လူထု​နွေဦးသို့ ​ပြောသည်။

မြန်မာအမျိုးသမီးရဲ့ ကနဦးပြောကြားချက်အရ သူမဟာ ၁၃ နှစ်ကျော်ကြာ လုပ်ခလစာမရရှိဘဲ အဲဒီအိမ်မှာ အလုပ်လုပ်ခဲ့ရပြီး စတင်ရောက်ရှိတဲ့ နှစ်ကို အတိအကျ မမှတ်မိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ မြန်မာအမျိုးသမီးကို ပြန်လည်ထူထောင်ရေးနေရာကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေလုပ်ဆောင်ဖို့ သင့်တော်တဲ့ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ကုသမှုတွေ ပေးနေတယ်လို့ Dr Trairit က ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်မှာ အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် တစ်ခုအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။