Connect with us

Hi, what are you looking for?

News

နွားထိုးကြီးတွင်စစ်​​ကောင်စီတပ်ဆွဲမိုင်းမိ ၂၃ဦး​သေ၊ ၁၇ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော်သေဆုံးကြောင်း 27 Revolution Forces က
ယ​နေ့သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက နွားထိုးကြီးမြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရန် လာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို 27 Revolution Forces နှင့် နွားထိုးကြီးPDF (Natogyi People Defence Force )အဖွဲ့တို့ကဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၃ ဦးသေဆုံးကာ ၁၇ ဦး ရရှိသွားကြောင်း 27 Revolution Forcesကသတင်းထုတ်ပြန်ခြင်းဖြစ်သည်။

နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းရွာ လမ်းဆုံတွင် ၆ လုံးမိုင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 27 Revolution အဖွဲ့က ပြောသည်။ အဆိုပါတိုက်ခိုက်မှုနှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံးမှုမှာဟုတ်မှန်​ကြောင်း​ဒေသခံအချို့ကလည်း ​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook