Connect with us

Hi, what are you looking for?

News

မန္တလေးတွင် ဆန္ဒပြပွဲသွားသည့် လူငယ်သုံးဦးကို အကြမ်းဖက်စစ်​ကောင်စီက ကားဖြင့်တိုက်ဖမ်း၊ မိန်းကလေးတစ်ဦး ဖမ်းဆီးခံရ

ယနေ့ (ဒီဇင်ဘာ ၈ရက်)နံနက် ၅ နာရီခွဲတွင် (၆၃)လမ်း ဝန်းကျင်၌ ပြုလုပ်မည့် သပိတ်သို့ သွားရောက်သည့် လူငယ် သုံးဦးကို အကြမ်းဖက်စစ်ကောင်စီက စစ်ကားဖြင့် ဝင်တိုက်အကြမ်းဖက်ခြင်းဟု အဆိုပါ လူငယ်တစ်ဦးက ပြောသည်။

(ယ​နေ့နံနက်က ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဦး​ဆောင်၍ ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

မန္တလေးမြို့တွင် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်သို့ သွားရောက်သည့် လူငယ်သုံးဦးကို အကြမ်းဖက်စစ်​ကောင်စီတပ်က ကားဖြင့်တိုက် ဖမ်းဆီးရာ မိန်းကလေးတစ်ဦး ဖမ်းဆီးခံရကြောင်း အဆိုပါသပိတ်မှ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၈ရက်)နံနက် ၅ နာရီခွဲတွင် (၆၃)လမ်း ဝန်းကျင်၌ ပြုလုပ်မည့် သပိတ်သို့ သွားရောက်သည့် လူငယ် သုံးဦးကို အကြမ်းဖက်စစ်ကောင်စီက စစ်ကားဖြင့် ဝင်တိုက်အကြမ်းဖက်ခြင်းဟု အဆိုပါ လူငယ်တစ်ဦးက ပြောသည်။

“ဒီမနက် အရုဏ်ဦးသပိတ်ကို လာတဲ့အချိန် စစ်ကားနဲ့ လူငယ် သုံးယောက်ကို ဝင်တိုက်ဖမ်းတာပါ။ စစ်ကားက လူငယ်တွေကို မသက်ာလို့ နောက်ကလိုက်တဲ့အချိန် ဝင်တိုက်ဖမ်းခံရတာလို့တော့ သိရတယ်။ မိန်းကလေး တစ်ယောက် ဖမ်းခံလိုက်ရတယ်။ ကျန်တဲ့ နှစ်ယောက်တော့ လွတ်သွားပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၅ရက်ကလည်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်တွင် ရန်ကုန်လူထုသပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်စစ်တပ်က ကားဖြင့်ဝင်တိုက် သေနတ်ဖြင့် ပစ်ခတ် အကြမ်းဖက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။