Connect with us

Hi, what are you looking for?

News

သမ္မတ၊ အတိုင်ပင်ခံနှင့် အပြစ်မဲ့လူထုအပေါ် ချမှတ်သည့် တရားရုံးများ၏အမိန့်မှာ မူလကပင်ပျက်ပြယ်ကြောင်း NUGကြေညာ

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ဒီမိုကရေစီကျင့်စဉ်များနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ခြင်းသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့ခြင်းပင်ဖြစ်ကြောင်း NUGက ထုတ်ပြန် သည်။

–စစ်ကောင်စီလက်အောက်ခံ တရားသူကြီး၊ ဥပဒေအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပါအဝင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်သည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင်ပျက်ပြယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဒီဇင်ဘာ၉) ကြေညာလိုက်သည်။

စစ်ကောင်စီသည် ဖေဖေါ်ဝါရီ၁ ရက်မှစ၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူများ၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက် ထားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအား ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ဒီမိုကရေစီကျင့်စဉ်များနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ခြင်းသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့ခြင်းပင်ဖြစ်ကြောင်း NUGက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ မဟုတ်မမှန်စွပ်စွဲ ၍ တရားစွဲဆိုအပြစ်ပေးခြင်းများ ကျူးလွန်နေကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က အကြမ်းဖက် စစ်ကောင်စီနှင့် အပေါင်းအပါများအား လက်နက်ကိုင်သောင်းကျန်းနေသူများဖြစ်သည့်အတွက် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ကြောင်း ဖော်ပြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပါအဝင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ အကြောင်းပြချက်အမျိုးမျိုးပြကာမြန်မာနိုင်ငံဒေသအသီးသီးရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် စွဲဆိုထားသောအမှုများ အားလုံးသည် မူလစတင်တရားစွဲဆိုစဉ်ကပင် ပျက်ပြယ်သောအမှုများဖြစ် ကြောင်းနှင့် အဆိုပါအမှုများအပေါ်တွင် ပြစ်ဒဏ်ချမှတ်သည့် အမိန့်များသည်လည်း လုံးဝ တရားဝင်မှုမရှိကြောင်း ကြေညာခဲ့သည်။

ထို့နည်းတူ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ ၏ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင် နေကြသောတရားသူကြီးများ၊ ဥပဒေအရာရှိများနှင့်ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးအား အားပေးကူညီ ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆောင်ရွက်ချက်များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနက ပြဋ္ဌာန်းဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးလိုက်ကြောင်း ဖော်ပြထားသည်။

မတရားသဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခြင်းခံကြရသော ပြည်သူလူထုအသီးသီးတို့၏ လူ့အခွင့်အရေးနှင့် ဥပဒေအရ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများအတွက် အကြမ်းဖက်စစ်ကောင်စီတွင် လုံး၀တာဝန်ရှိကြောင်းနှင့် ဥပဒေမဲ့ လုပ်ဆောင်မှုအားလုံးအတွက် စစ်ကောင်စီအဖွဲ့ဝင်များနှင့်တကွ အပေါင်းအပါများအားလုံးအပေါ် ပြင်းထန် ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း NUGက ထုတ်ပြန်ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။