Connect with us

Hi, what are you looking for?

News

အမြန်လမ်းရဲကင်း တိုက်ခိုက်ခံရတဲ့အတွက် အနီးဝန်းရွာက ဒေသခံ ၁၀ဦးကို စစ်ကောင်စီဖမ်းဆီး

အမြန်လမ်း မိုင်တိုင် ၂၉၂ နားမှာရှိတဲ့ကံကောင်းရဲကင်းဟာ ဒီဇင်ဘာလ ၇ ရက်က တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေကာ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

မိတ္ထီလာမြို့နယ်ထဲက အမြန်လမ်းပိုင်းမှာရှိတဲ့ ကံကောင်းရဲကင်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအနီးပတ်ဝန်း ကျင်က ရွာသား ၁၀ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

အမြန်လမ်း မိုင်တိုင် ၂၉၂ နားမှာရှိတဲ့ကံကောင်းရဲကင်းဟာ ဒီဇင်ဘာလ ၇ ရက်က တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေကာ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကံကောင်းရွာထဲက ရွာသား ၁၀ ဦးကိုဒီနေ့မနက်ပိုင်းက ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရတဲ့ရွာသားတွေဟာ တောင်သူတွေနဲ့ ကျပန်းလုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း မိတ္ထီလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရမှုမှာ အနီးပတ်ဝန်းကျင်ကရွာသား တွေကိုစွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးဖူးတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။