Connect with us

Hi, what are you looking for?

News

မဲ​ဆောက်နားက​တောထဲမှာ မြန်မာလုပ်သား ၂၀ ​ကျော်ဖမ်းမိ

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းထံ လွဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ မြန်မာနယ်စပ် မဲဆောက်မြို့နယ်အနီးက တောတွင်းတစ်နေရာမှာ တရားမဝင်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၂၀ ကျော်ကို ဒီကနေ့မနက် အစောပိုင်းက ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ထာ့ဆိုင်လွတ်ဒေသက ကြံစိုက်ခင်းတစ်ခုအတွင်းမှာ ပုန်းအောင်းရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၇ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းထံ လွဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ပရောက်မြန်မာအလုပ်သမားတွေကိုအတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှုပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။

Facebook