Connect with us

Hi, what are you looking for?

News

NUG ကဒစ်ဂျစ်တယ်​ငွေ​ကြေး USDT ကိုပြည်တွင်းသုံးစွဲရန်တရားဝင်​ငွေ​ကြေးအဖြစ်​ကြေညာ

ကုန်သွယ်မှု၊ဝန်ဆောင်မူ လုပ်ငန်းများနှင့် ငွေပေးချေသည့် စနစ်များ မိုပိုကောင်းမွန်ရေးနှင့် လွယ်ကူလျှင်မြန်စေရန်အတွက် ယခုကဲ့သို့ဒစ်ဂျစ်တယ်ငွေကြေးစနစ် (crypto currency) တခုကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြစ်သည့် USD Tether(USDT) ကို ပြည်တွင်းသုံးစွဲရန် တရားဝင်ငွေကြေးအဖြစ်သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)က ယနေ့ထုတ်ပြန်လိုက်သည်။

ကုန်သွယ်မှု၊ဝန်ဆောင်မူ လုပ်ငန်းများနှင့် ငွေပေးချေသည့် စနစ်များ မိုပိုကောင်းမွန်ရေးနှင့် လွယ်ကူလျှင်မြန်စေရန်အတွက် ယခုကဲ့သို့ဒစ်ဂျစ်တယ်ငွေကြေးစနစ် (crypto currency) တခုကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

“ USDT ဆိုတာ digital currency (ဒစ်ဂျစ်တယ်ငွေကြေး) ပါ။ အမေရိကန်ဒေါ်လာနဲ့ သုံးတာပါ။ Kpay တို့ Waveတိုလိုဘဲ၊ သုံးရတာ။ ဘယ်သူမှ သူတို့ကို ထိန်းချုပ်လို့မရဘူး။ အစိုးရကလည်း အကောင့်တွေပိတ်လို့မရဘူး”ဟုဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲနေသူတစ်ဦးကပြောသည်။

အဆိုပါဒစ်ဂျစ်တယ်​ငွေ​ကြေးကိုအသုံးပြုရန်အတွက် USDTအကောင့်တစ်ခုဖွင့်ရန်လိုအပ်ပြီး ထိုအကောင့်ထဲကို ငွေဖြည့်၍ အသုံးပြုရခြင်းဖြစ်သည်။ မြန်မာကျပ်ငွေဖြင့် ဖြည့်နိုင်သလို၊ အကောင့်အချင်းချင်းလည်းဖြည့်နိုင်သည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ရန် NUGက ကြေညာလိုက်ခြင်းကြောင့် ငွေကြေး လိမ်ညာမူများရှိလာနိုင်၍ သတိထားကြရန်လည်း ဒစ်ဂျစ်တယ်ငွေကြေးစနစ် (Crypto Currency)ကျွမ်းကျင်သူများကပြောသည်။ နားလည်တတ်ကျွမ်းမှသာ အသုံးပြုကြရန် သတိပေးသည်။

USD-Tetherသည် ဒစ်ဂျစ်ငွေကြေးစနစ်တွင် နာမည်ကျော်ကြားမူအဆင့်သုံးနေရာတွင်ရှိပြီး ဈေးကွက်သည် ဒေါ်လာ ၅၇ ဘီလီယံရှိသည်။

USD Tether သည် Tether ကုမ္ပဏီက ထုတ်ပေးသောတိုကင်များဖြင့် Ethereum blockchain တွင်လက်ခံထားသော cryptocurrency ဖြစ်သည်။ Tether က ထုတ်ပေးထားသော USD-Tetherတိုကင် တစ်ခုခြင်းသည် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသည်ဟု ပုံသေသတ်မှတ်ထားသည်။ ထိုကြောင့် USD- Tether ကို Stablecoin ဟုခေါ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။