Connect with us

Hi, what are you looking for?

News

မန္တလေးတွင် အရပ်ဝတ်ဖြင့် စျေးဝယ်ထွက်သော စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ

ပစ်ခတ်မှုအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း People’s Spring က သီးခြားအတည်ပြုချက် မရရှိသေးပေ။

(ရေနီမြောင်းအခွန်လွတ်စျေးအနီး အခင်းဖြစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ -CJ)

မန္တလေးမြို့တွင် ယနေ့(ဒီဇင်ဘာ ၁၃)နံနက်ပိုင်းက အရပ်ဝတ်ဖြင့် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် People Guerrilla Commando – Mandalay က ထုတ်ပြန်သည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် မန္တလေးမြို့ မဟာအောင် မြေမြို့နယ် (၃၆) လမ်း၊ လမ်း(၇၀) နှင့် (၇၁)လမ်းကြား မဟာနွယ်စဥ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားနှစ်ဦး စျေးဝယ်ထွက်လာစဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မဟာနွယ်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်သားသုံးဦး (၃၇)လမ်း ရေနီမြောင်းဈေးသို့ ဈေးဝယ်နစဉ် စစ်သားနှစ်ဦးအား နောက်‌စေ့မှကပ်၍ ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦးနေရာတွင် ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ အောက်‌မေးရိုးပြုတ်ထွက်ဒဏ်ရာဖြင့် ထ‌ပြေးသွားသည်”ဟု PGC (Mandalay)က ဆိုသည်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း People’s Spring က သီးခြားအတည်ပြုချက် မရရှိသေးပေ။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ၏​ထောက်တိုင် အုက်ချုပ်ရေးမှူး၊ ပျူစောထီး စသူတို့အပါအဝင် စစ်ကောင်စီတပ်များ နေ့စဥ်နီးပါးတိုက်ခိုက်ခံနေရပြီး ယမန်နေ့ (ဒီဇင်ဘာ ၁၂)တစ်ရက်တည်းတွင် ပစ်ခတ်ရှင်းလင်းခံရသူ လေးဦးထက်မနည်း ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။