Connect with us

Hi, what are you looking for?

News

မယ်လဒုက္ခသည်စခန်းမှာ ဆန္ဒပြမှုဖြစ်ပွား

မယ်လဒုက္ခသည်စခန်းဟာ ထိုင်းဘက်ခြမ်းမှာရှိတာဖြစ်ပြီး မဲဆောက်မြို့ မြောက်ဘက်ခြမ်း ကီလိုမီတာ ၆၀ လောက်အကွာမှာတည်ရှိကာ မြန်မာဒုက္ခသည် ၄ သောင်းလောက် ခိုလှုံနေပါတယ်။

Photo- KIC

ထိုင်း − မြန်မာ နယ်စပ် က မယ်လဒုက္ခသည်စခန်းမှာ ဒီနေ့ ညပိုင်း ၅ နာရီလောက်စပြီး ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒုက္ခသည်စခန်းက ထိုင်းအာဏာပိုင် ဟာ နှာခေါင်းစည်းမတပ်ထားတဲ့ စခန်းမှာ နေထိုင်သူ ၂ ဦး ဆိုင်ကယ စီးလာချိန်မှာ ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဆိုင်ကယ်ကို သိမ်းရာမှာ မကျေလည်မှုဖြစ်ပြီး ဆန္ဒပြမှုဖြစ်ခဲ့တာလို့ စခန်းတာဝန်ရှိသူတွေကပြောကြပါတယ်။

ဒီဖြစ်စဉ်အပေါ် စခန်းမှာနေထိုင်သူတွေဟာမကျေနပ်တာကြောင့် စခန်းအာဏာပိုင်ရုံးရှေ့ကိုသွားရောက်ဆန္ဒပြကြတာလို့သိရပါတယ်။

Photo- KIC

မယ်လဒုက္ခသည်စခန်းဟာ ထိုင်းဘက်ခြမ်းမှာရှိတာဖြစ်ပြီး မဲဆောက်မြို့ မြောက်ဘက်ခြမ်း ကီလိုမီတာ ၆၀ လောက်အကွာမှာတည်ရှိကာ မြန်မာဒုက္ခသည် ၄ သောင်းလောက် ခိုလှုံနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook